ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၁၇) ရက်နေ့၊ (၁၃:ဝ၀) အချိန်မှ ((၁၅:ဝ၀) နာရီအချိန်ထိ မြောက်ဦးမြို့နယ်၊ မြက်ရိတ်ကျွန်းကျေးရွာအုပ်စု၊ ရွှေထွန်းဖြူကျေးရွာ၊ အ.မ.က ရွှေဖြူကျွန်းစာသင်ကျောင်း၌ ကျေးရွာသူ/သား (၅၅) ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၆၄) ဦး၊ စုစုပေါင်း (၁၁၉) တို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ DAN Mobile Application အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်း၊ လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများဖြန့်ဝေပေးခြင်းနှင့် အအေးဘူးများဝေငှပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် မီးသတ်ဦးစီးဌာနမှလည်း မီဘေးအန္တရာယ်နှင့်ပတ်သက်သည့်အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)