Category Archives: News
-
စစ်တွေမြို့နယ် ဘောဒူဖကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၂၇-၂-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘောဒူဖကျေးရွာ၌ မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၅) စုမှ လူဦးရေ (၃၁) ဦးအတွက် ကယ်ဆယ်ရေပစ္စည်း (၉) မျိုး အိမ်ထောင်စု (၅) စုစာ၊ အိမ်ဆောက်ပစ္စည်းဘိုးငွေ (၂၅၀၀၀၀) ကျပ်၊ ဆန်ရိက္ခာ (၃) ရက်စာဘိုးငွေ (၂၇၉၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၂၇၇၉၀၀) ကျပ်တို့အား ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ဘေးသင့်သူများထံ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁-၃-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ရန်အောင်မြင်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ ဒေသခံပြည်သူ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
မဏ္ဍိုင် (၂) ရပ် ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် ပြည်သူအကျိုးကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်မည်
နေပြည်တော်၊ ၂၀၁၇ ခုနှစ် မတ်လ ၂ ရက်နေ့ ကလေးသူငယ်များ၏ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုသည် အရေးကြီးပြီး ကလေးသူငယ်တိုင်း အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံခွင့်နှင့် လူ့အဖွဲ့အစည်းအတွင်း ပါဝင်ဆက်ဆံခွင့် စသည့် ကလေးသူငယ်အခွင့်အရေးများ ရရှိရေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဥပဒေ၊ နည်းဥပဒေ များ၊ မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ သာဝတ္တိမြို့၊ မဟာပရဟိတ (စမတောင်) သို့ သွားရောက်၍ လက်ခံစောင့်ရှောက်ထားသည့် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁-၃-၂၀၁၇) ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ ကျွဲဇပ်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးခဲ့ပြီး ကလေးများနှင့်အတူ သဘာဝဘေးဆောင်ရန်/ရှောင်ရန်များအား လက်တွေ့သရုပ်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် တက်ရောက်သူ (၃၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁-၃-၂၀၁၇) ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ စုံစင်ကျေးရွာ၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ကလေးများနှင့်အတူ သရုပ်ပြခဲ့ကြပါသည်။ အဆိုပါ ဟောပြောပွဲတွင် တက်ရောက်သူ (၃၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
“လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ အခမ်းအနား”တွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များ ဟောပြောမှုသတင်း
(၁-၃-၂၀၁၇) ရက်နေ့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ဟားခါးမြို့၌ “လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲအခမ်းအနား”တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်း ပြည်နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ သဘာဝဘေးအန္တရာယ်အကြောင်း ရှောင်ရန်/ ဆောင်ရန်များကို ဟောပြောခဲ့ပြီး ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါသည်။သင်တန်းသူများ၊ နည်းပြများ၊ ဌာနဆိုင်ရာမှကိုယ်စားလှယ်များ စုစုပေါင်း (၇၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက်၊ ပန်းဆက် E ဘလောက် (၁၈) လမ်း၊ လမ်းမကြီး (၄) လမ်း၌ ဖြစ်ပွားသောမီးဘေး အတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက်၊ ပန်းဆက် E ဘလောက် (၁၈) လမ်း၊ လမ်းမကြီး (၄) လမ်းတွင် (၂၆-၂-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှံးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦး အတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၃) ရက်စာ (၃၆၀၀ိ/-) နှင့် အိမ်ဆောက်ပစ္စည်းဖိုး … Read more
-
ဖားဝပ်ချောင်းကျေးရွာ၌ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာ၌ (၂၇-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်အိမ် (၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးအား (၁-၃-၂၀၁၇) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာအုပ်စု၊ ပြင်လှရွာ၌ မီးဘေးထောက်ပံ့မှုသတင်း
(၂၈-၂-၂၀၁၇) ရက်နေ့၊ (၂၂းဝဝ) နာရီအချိန်တွင် ဦးမောင်သောင်း၏နေအိမ်၌ ဖယောင်းတိုင်မီးမှတဆင့် နေအိမ်အား မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုကြောင့် ဓနိမိုး၊ ထရံကာဝါခင်း လူနေအိမ် (၃) လုံးမီးလောင်ဆုံးရှုံးခဲ့ရပြီး အိမ်ထောင် စု (၃) စုမှ ကျား (၁၂) ဦး၊ မ (၄) ဦး စုစုပေါင်း (၁၆) ဦး ဘေးဒုက္ခခံစားခဲ့ရပါသည်။ ထိုမီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန် ရိက္ခာဖိုး … Read more
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၃-၂၀၁၇) ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ရန်အောင်မြင်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ကဆရ)









