(၁-၃-၂၀၁၇) ရက်နေ့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ဟားခါးမြို့၌ “လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲအခမ်းအနား”တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်း ပြည်နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ သဘာဝဘေးအန္တရာယ်အကြောင်း ရှောင်ရန်/ ဆောင်ရန်များကို ဟောပြောခဲ့ပြီး ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါသည်။သင်တန်းသူများ၊ နည်းပြများ၊ ဌာနဆိုင်ရာမှကိုယ်စားလှယ်များ စုစုပေါင်း (၇၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)