(၂၈-၂-၂၀၁၇) ရက်နေ့၊ (၂၂းဝဝ) နာရီအချိန်တွင် ဦးမောင်သောင်း၏နေအိမ်၌ ဖယောင်းတိုင်မီးမှတဆင့် နေအိမ်အား မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုကြောင့် ဓနိမိုး၊ ထရံကာဝါခင်း လူနေအိမ် (၃) လုံးမီးလောင်ဆုံးရှုံးခဲ့ရပြီး အိမ်ထောင် စု (၃) စုမှ ကျား (၁၂) ဦး၊ မ (၄) ဦး စုစုပေါင်း (၁၆) ဦး ဘေးဒုက္ခခံစားခဲ့ရပါသည်။ ထိုမီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန် ရိက္ခာဖိုး (၃) ရက်စာ (၁၄၄၀၀ိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀ိ/-) ကျပ်တို့အား (၁-၃-၂၀၁၇) ရက်နေ့တွင် ကျောက်တော်မြို့အုပ်ချုပ်ရေးမှူးရုံး၌ တိုက်ရိုက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)