Category Archives: News
-
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ချမ်းသာကုန်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၅-၃-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ချမ်းသာကုန်းကျေးရွာ၌ မီးလောင်မှုကြောင့် နေအိမ် (၁၀) လုံးမှ လူဦးရေ (၄၁) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ (၃၆၉၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၅၀၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် FamilyKits များအား ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ပါရည်မှန်းချက်နှင့်အညီ ဖော်ဆောင်ရွက်
နေပြည်တော် မတ် ၇ အမျိုးသမီးများနှင့်ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်ရွယ်များအတွက် ဦးစားပေးဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်ဖြစ်သည့် Women and Girls First Initiative စီမံချက် ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ Royal ACE Hotelတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမိိျုးသမီးရေးရာကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်ကိုယ်စား မြန်မာ အမျိုးသမီးထုကြီးရဲ့ အခွင့်အရေးများ အပြည့်အဝရရှိ … Read more
-
ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် ဖြစ်ပွားသောမီးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာတွင် (၂-၃-၂၀၁၇) ရက်နေ့က မီးဘေးဖြစ်ပွားခဲ့ရာ အိမ်ခြေ (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၈)ဦးအတွက် ဆန်ဖိုးငွေ (၇၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀)ကျပ်၊ စုစုပေါင်း (၂၀၇၂၀၀)ကျပ်အား (၆-၃-၂၀၁၇) ရက်နေ့တွင် မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်ပို့ချမှုသတင်း
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ) (၇-၃-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှတာဝန်ရှိသူများသည် FREDA အဖွဲ့နှင့် ပူးပေါင်း၍ ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ဘင်္ဂလားကျေးရွာတွင် ရပ်ရွာအခြေပြု ပြည်သူလူထု ပူးပေါင်းပါဝင်သော သဘာဝဘေးအန္တရာယ်လျော့ပါးရေးသင်တန်းအား သင်တန်းသား / သူ (၂၀) ဦးဖြင့် (၄-၃-၂၀၁၇) ရက်နေ့မှ (၉-၃-၂၀၁၇) ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး လက်တွေ့လေ့ကျင့်ဆောင်ရွက်မှုများနှင့်အတူ အုပ်စုဖွဲ့ ဆေးနွေးဆောင်ရွက်မှုများအား သင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သတင်းရရှိပါသည်၊
-
ရခိုင်ပြည်နယ် DRR Working Group လစဉ်ပုံမှန်အစည်းအဝေး ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် DRR Working Group လစဉ်ပုံမှန်အစည်းအဝေးအား (၇-၃-၂၀၁၇) ရက်နေ့၊ (၁၅းဝ၀) နာရီမှ (၁၆း၃၀) နာရီထိ စစ်တွေခရိုင်ထွေအုပ် ခန်းမ၌ ပြုလုပ်ခဲ့ရာ ပြည်နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲ လုပ်ငန်းကော်မတီမှ ကိုယ်စားလှယ် (၈) ဦးနှင့် UN ,INGOs များမှ ကိုယ်စားလှယ် (၁၂) ဦး စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ လက်ထုတ်ကျေးရွာအုပ်စု၊ လက်ထုပ်ကျေးရွာတွင် (၇.၃.၂၀၁၇)ရက်နေ့က သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် DAN Mobile Application ထည့်သွင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/ ကျေးရွာသား (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအနေဖြင့် ကျောက်ဆည်မြို့နယ်အတွင်း လေပြင်းဒဏ်မခံနိုင်သော လူနေအိမ်များပြုပြင်နိုင်ရန် အကြိုညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပပြုလုပ်မှုခြင်းနှင့် ကွင်းဆင်းစစ်တမ်းကောက်ယူခြင်းများ ပြုလုပ်မှုသတင်း
ကျောက်ဆည်မြို့နယ်အတွင်း လေပြင်းဒဏ်မခံနိုင်သော လူနေအိမ်များပြုပြင်ပေးရန် အကြိုညှိနှိုင်းအစည်းအဝေးကို (၃-၃-၂၀၁၇) ရက်နေ့တွင် လည်းကောင်း၊ (၆-၃-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းစစ်တမ်းကောက်ယူခြင်းများကိုလည်းကောင်း မန္တလေးတိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှုးရုံး (ကဆရ) မှ တာဝန်ရှိ သူများသည် (၅-၃-၂၀၁၇ ) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ လပွတ္တာမြို့၊ ကုန်တင်ကုန်ချကော်မတီရုံး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်ရာ လူဦးရေစုစုပေါင်း (၅၁) ဦးခန့်တက်ရောက်ကြောင်းသတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှုးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအနေဖြင့် မြင်းခြံမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ အနိမ့်ရွာ၊ တောင်ကျွန်းရွာ၊ နယ်ခြားရွာတို့ရှိ လေပြင်းဒဏ်မခံနိုင်သော လူနေအိမ်များပြုပြင်နိုင်ရန် အကြိုညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပပြုလုပ်မှုခြင်း၊ ကွင်းဆင်းစစ်တမ်းကောက်ယူခြင်းနှင့် ပြုပြင်ပေးခြင်း၊ လေပြင်းဘေးပညာပေး လက်ကမ်းစာစောင်များဝေငှခြင်းနှင့် သဘာဝဘေးအသိပညာပေး ဟောပြောခြင်းများ ပြုလုပ်မှုသတင်း
မြင်းခြံမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ အနိမ့်ရွာ၊ တောင်ကျွန်းရွာ၊ နယ်ခြားရွာတို့ရှိ လေပြင်းဒဏ်မခံနိုင်သော လူနေအိမ်များပြုပြင်ပေးရန် အကြိုညှိနှိုင်းအစည်းအဝေးကို (၂၀-၂-၂၀၁၇) ရက်နေ့တွင် လည်းကောင်း၊ (၅-၃-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းစစ်တမ်းကောက်ယူခြင်းနှင့် ပြုပြင်ပေးခြင်းများကို မန္တလေးတိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကလျာဏမိတ္တလူမှုကူညီရေးအသင်း၊ ဂရုဏာမုဒိတာအသင်း၊ သုခဆည်းဆာအသင်းနှင့် အခြားပရဟိတအသင်းဝင်များ၊ ကျေးရွာသားများ စုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ ယင်းနောက် (၆-၃-၂၀၁၇) ရက်နေ့တွင် မြင်းခြံမြို့နယ်၊ အနိမ့်ရွာ၊ နယ်ခြားရွာနှင့် တောင်ကျွန်းရွာတို့၌် လေးပြင်းဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးနှင့် အရပ်ဘက်အဖွဲ့အစည်းများဖြစ်သည့် ကလျာဏမိတ္တ၊ သုခဆည်းဆာ၊ ဖြူစင်၊ ဂရုဏာမုဒိတာနှင့် … Read more
-
ကော့သောင်းမြို့နယ်၊ မပုတေးကျေးရွာတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ မပုတေးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို (၆-၃-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူ ပြည်သူလူထု စုစုပေါင်း (၁၀၁) ဦးတက်ရောက်ခဲ့ပြီး ဘေးအန္တရာယ်နှင့်ပတ်သက်သည့် ပိုစတာများအား တာဝန်ရှိသူထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)









