မြင်းခြံမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ အနိမ့်ရွာ၊ တောင်ကျွန်းရွာ၊ နယ်ခြားရွာတို့ရှိ လေပြင်းဒဏ်မခံနိုင်သော လူနေအိမ်များပြုပြင်ပေးရန် အကြိုညှိနှိုင်းအစည်းအဝေးကို (၂၀-၂-၂၀၁၇) ရက်နေ့တွင် လည်းကောင်း၊ (၅-၃-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းစစ်တမ်းကောက်ယူခြင်းနှင့် ပြုပြင်ပေးခြင်းများကို မန္တလေးတိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကလျာဏမိတ္တလူမှုကူညီရေးအသင်း၊ ဂရုဏာမုဒိတာအသင်း၊ သုခဆည်းဆာအသင်းနှင့် အခြားပရဟိတအသင်းဝင်များ၊ ကျေးရွာသားများ စုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
ယင်းနောက် (၆-၃-၂၀၁၇) ရက်နေ့တွင် မြင်းခြံမြို့နယ်၊ အနိမ့်ရွာ၊ နယ်ခြားရွာနှင့် တောင်ကျွန်းရွာတို့၌် လေးပြင်းဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးနှင့် အရပ်ဘက်အဖွဲ့အစည်းများဖြစ်သည့် ကလျာဏမိတ္တ၊ သုခဆည်းဆာ၊ ဖြူစင်၊ ဂရုဏာမုဒိတာနှင့် ရွာသူရွာသားများ ပူးပေါင်းလျက် နွေရာသီအတွင်း အပူချိန်မြင့်မားသဖြင့် မိုးတိမ်တောင်များကြောင့် ဖြစ်ပေါ်တက်သော စိုက်ဆင်းလေပြင်းဒဏ်မခံနိုင်သည့် အိမ်များပြုပြင်ပေးခြင်း၊ လေပြင်းဘေးပညာပေး လက်ကမ်းစာရွက်များဝေငှခြင်းနှင့် သဘာဝဘေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)