Category Archives: News
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ပေါ့ထော်ကျေးရွာ၌(၂၃-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၉,၀၀၀) ကျပ်၊ သွပ်မိုး/ပျဉ်ကာ အိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀) ကျပ်၊အခြားဘေးသင့်အိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်နှင့် … Read more
-
ကျိုင်းတုံမြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု ဝိန်းကျောက်တိုးချဲ့ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၂၉-၃-၂၀၁၇) ရက်နေ့တွင် ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု ဝိန်းကျောက်တိုးချဲ့ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် (၁) အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ စုစုပေါင်း လူဦးရေ (၅) ဦး အတွက် ဆန်ရိက္ခာဖိုး (၄,၅၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်တို့ကို သွာရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်ဟီးကျေးရွာ၊ နောင်ဟီးကယ်ဆယ်ရေးခန်း၌ (၂၈-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၇) ဦးအတွက် ပစ္စည်း (၃၂) မျိုးပါ Relief Kits (၅) ပုံးတို့အား (၂၉-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ မူကြမ်းရေးဆွဲရေးအဖွဲ့၏ တတိယအကြိမ်အစည်းအဝေးသို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားမှုသတင်း
နေပြည်တော်၊၂၉-၃-၂၀၁၇ လက်တွေ့ကျပြီး အကျိုးဖြစ်ထွန်းတဲ့ လူငယ်မူဝါဒ ပေါ်ပေါက်လာစေရေး၊လူငယ် များကိုယ်တိုင်ရေးဆွဲရမှာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပံ့ပိုးကူညီနိုင်ရေးအတွက် လူငယ်များ ရဲ့အသံကိုအမြဲနားထောင်ပါကြောင်း၊ လူမှုအသိုက်အဝန်းတစ်ခုရဲ့အကျိုး အတွက် လူငယ်မူ ၀ါဒကို ရေးဆွဲခြင်းဖြစ်ပြီး လူကြီးများထံကအကြံဉာဏ် လည်းရယူရမည်ဖြစ်ကြောင်း၊ လူကြီး များအနေဖြင့်လည်း အတိတ်ကရုန်းထွက်ပြီး အနာဂတ်ကိုတည်ဆောက်နိုင်သူများဖြစ်တဲ့ လူငယ်များအတွက် အခွင့်အလမ်းများဖန်တီးပေးဖို့လိုကြောင်း၊ ဖြစ်အောင်လည်း ပံ့ပိုးကူညီ ရမှာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ခေတ်အခြေအနေအပြောင်းအလဲကိုလည်း သိဖို့လို ကြောင်း၊ လက်တွေ့ကြုံတွေ့နေရတဲ့အခြေအနေ၊ အခက်အခဲများကို ထည့်သွင်း စဉ်းစားပြီး တိုင်းပြည်အတွက်ပုံဖော်နိုင်မည့် လူငယ်မူဝါဒဖြစ်အောင်ရေးဆွဲဖို့ လိုကြောင်း၊ ဒီမိုကရေစီ အဆင့်အတန်းနှင့် အညီလူတိုင်းအခြေခံလူအခွင့် … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ ကျေးရွာများအား လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ မိုးတာလေးကျေးရွာမှ ပြိုကျနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉) မျိုး၊ ကသာမြို့နယ်၊ မိုးတားကြီးကျေးရွာမှ အမိုးလန်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးတို့အား (၂၉-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၊ မြို့နယ်ခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ဖလမ်းခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးမှ ဖွင့်ပွဲမိန့်ခွန်းပြောကြားခဲ့ပြီး ချင်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ) တာဝန်ရှိသူတစ်ဦးမှ သင်တန်းမိတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၇၀) ကျော်ခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲမြို့နယ်၊ ရပ်ကွက် (၁) နွေရာသီအင်္ဂလိပ်စာသင်တန်း၌ သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် DAN Mobile Application ရယူအသုံးပြုပုံနည်းလမ်းများ ဖြန့်ဝေမှုသတင်း
ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၇) ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ ရပ်ကွက် (၁) နွေရာသီအင်္ဂလိပ်စာသင်တန်း၌ သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် DAN Mobile Application ရယူအသုံးပြုပုံနည်းလမ်းများ ဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နှင့်ဝက်သက်ကျေးရွာတို့တွင်ဖြစ်ပွားသောမီးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၃-၂၀၁၇)ရက်နေ့၌ မီးလောင်မှုဖြစ်ပွားသော အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ နှင့် အင်္ဂပူမြို့နယ်၊ ဝက်သက်ကျေးရွာအုပ်စု၊ ဝက်သက်ကျေးရွာရှိ မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု တို့အား ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးစီကို (၂၆-၃-၂၀၁၇)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မြဝတီခရိုင်၊ မြဝတီမြို့တွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲအား ၂၃ -၃ -၂၀၁၇ ရက်နေ့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ လည်းကောင်း၊ ၂၅-၃-၂၀၁၇ ရက်နေ့ အမှတ်(၅)ရပ်ကွက် ဓမ္မာရုံ၌ လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါကြောင်း း လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် ဝေငှပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ ရပ်ကွက်တစ်ခု ၁၅၀ ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့နယ်၊ ပန်းကုံးကျေးရွာ မူလတန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များလည်းဝေငှပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)









