
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၃-၂၀၁၇)ရက်နေ့၌ မီးလောင်မှုဖြစ်ပွားသော အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ နှင့် အင်္ဂပူမြို့နယ်၊ ဝက်သက်ကျေးရွာအုပ်စု၊ ဝက်သက်ကျေးရွာရှိ မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု တို့အား ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးစီကို (၂၆-၃-၂၀၁၇)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)