ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၊ မြို့နယ်ခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ဖလမ်းခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးမှ ဖွင့်ပွဲမိန့်ခွန်းပြောကြားခဲ့ပြီး ချင်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ) တာဝန်ရှိသူတစ်ဦးမှ သင်တန်းမိတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၇၀) ကျော်ခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)