Category Archives: News
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ပြည်သူများသို့ပန်ကြားခြင်းဗွီနိုင်းနှင့် မုန်တိုင်းဘေးအသိပညာပေးဗွီနိုင်းတို့အား ကြော်ငြာလိုက်လံကပ်ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၇) ရက်နေ့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ပြည်သူများသို့ပန်ကြားခြင်းဗွီနီုင်းနှင့် မုန်တိုင်းဘေးအသိပညာပေးဗွီနိုင်းတို့အား လူအများစည်ကားရာရုံးရှေ့လမ်းမကြီးဘေးတွင် ကြော်ငြာကပ်အသိပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ပြည်သူများလာရောက်ဖတ်ရှုလေ့လာလျက်ရှိပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၇) ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ တောင်အင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀၀) ကျပ်အား မိုးညှင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံသို့ (၁၁-၄-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ညောင်ပင်သာကျေးရွာ ဘုရားချောင်တဲတိုက်နေ ပြည်သူများအား သောက်သုံးရေ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ညောင်ပင်သာကျေးရွာ ဘုရားချောင်တဲတိုက်ရှိ အိမ်ထောင်စု (၈၂)၊ လူဦးရေ (၅၀၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၈၁၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
နယ်မြေလုံခြုံရေးအခြေအနေအရ ထပ်မံပြောင်းရွှေ့လာသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ နန့်ဟိုင်းကျေးရွာအုပ်စု၊ မှော်နေကျေးရွာမှ နယ်မြေလုံခြုံရေးအခြေအနေအရ ထပ်မံပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စု (၄) စုမှ လူကြီး (၂၀) ဦး၊ ကလေး (၅) ဦး၊ စုစုပေါင်း (၂၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၄) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၅၂,၅၀၀) ကျပ်တို့အား (၁၁-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂွမြို့၊ မြို့မရပ်ကွက်၌ (၉-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၂) လုံး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့် အိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆,၈၀၀) ကျပ်တို့အား (၁၁-၄-၂၀၁၇) ရက်နေ့တွင် ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး … Read more
-
ကလောမြို့နယ်၊ ဟဲဟိုးကျေးရွာအုပ်စု၊ လယ်ခေါင်းကျေးရွာနေပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေးရှားပါးပြတ်လပ်မှုကြုံတွေ့နေရသော ကလောမြို့နယ်၊ ဟဲဟိုးကျေးရွာအုပ်စု၊ လယ်ခေါင်းကျေးရွာမှ အိမ်ခြေ (၁၅၀) အတွက် ရေဂါလံ (၆၀၀၀) အား (၁၁-၄-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်စာစောင်များ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၇) ရက်နေ့တွင် ထားဝယ်မြို့၊ ကမ်းနားလမ်းဘေးရပ်ကွက်များတွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များ ကွင်းဆင်းဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်စာစောင်များ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၇) ရက်နေ့တွင် မြောက်ဦးမြို့ပေါ်သို့ စျေးဝယ်လာကြသည့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသို့ စျေးအနီးရှိ နှစ်ဘူးဆိုင်ကယ်ဂိတ်၊ သုံးဘီးဆိုင်ကယ်ဂိတ်နှင့် မော်တော်စက်လှေဆိပ်တို့တွင် ပြည်သူများသို့ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူများသို့ ပန်ကြားချက်စာစောင် (၈၀) တို့အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို့ပန်ကြားချက် ဗီနိုင်းပိုစတာစိုက်ထူပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၁၇)ရက်နေ့ နံနက်(၁ဝးဝ၀)နာရီအချိန်တွင် စစ်တွေမြို့မစျေးကြီးတွင် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရန် ပြည်သူသို့ပန်ကြားချက် ဗီနိုင်းပိုစတာများစိုက်ထူခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
လယ်ဝေးမြို့နယ်၊ ပင်သောင်ကျေးရွာသို့ သောက်သုံးရေလှူဒါန်းမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် လယ်ဝေးမြို့နယ်၊ ပင်သောင်အုပ်စု၊ ပင်သောင်ကျေးရွာရှိ အိမ်ခြေ (၂၃၆) လုံးရှိိ အိမ်ထောင်စု (၂၃၆)စု၊ လူဦးရေ (၁၄၇၉) ဦးအတွက် သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)









