နယ်မြေလုံခြုံရေးအခြေအနေအရ ထပ်မံပြောင်းရွှေ့လာသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ နန့်ဟိုင်းကျေးရွာအုပ်စု၊ မှော်နေကျေးရွာမှ နယ်မြေလုံခြုံရေးအခြေအနေအရ ထပ်မံပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စု (၄) စုမှ လူကြီး (၂၀) ဦး၊ ကလေး (၅) ဦး၊ စုစုပေါင်း (၂၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၄) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၅၂,၅၀၀) ကျပ်တို့အား (၁၁-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events