Category Archives: News
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်းတော်မြို့နယ်၊ ပိန္နဲပင်ကျေးရွာ၌ (၃၀-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့် အမိုးလန်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀) ကျပ်တို့အား (၂-၅-၂၀၁၇) ရက်နေ့တွင် အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်ပိုစတာများ စိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင် ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်ပိုစတာများကို မကွေးမြို့ မြို့မစျေး၊ မကွေးမြို့ တိုင်းဒေသကြီးဆေးရုံအရှေ့နှင့် ကံပြားလမ်းဆုံစသည့် လူစည်ကားသည့် နေရာများတွင် စိုက်ထူးပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာသို့ သောက်သုံး ရေများဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂ – ၅ -၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ညောင်ပင်သာ ကျေးရွာ (အုန်းပင်တဲတိုက်နှင့်ညောင်ပင်ချောင်တဲတိုက်) မှ အိမ်ခြေ (၁၅၀)၊ လူဦးရေ (၇၅၀) ဦးတို့ အတွက် သောက်သုံးရေဂါလံပေါင်း (၇၂၀၀) ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မိုးကြိုကာလတွင်ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် (၂၀၁ရခုနှစ်၊ မေလ (၂) ရက်နေ့ထုတ်ပြန်ချက်) မိုးကြိုကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်(၄)
မိုးကြိုကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်(၄) ကိုအောက်ပါအတိုင်းဖော်ပြထားပါသည်-
-
မုတ်သုန်အကြို ကာလမုန်တို်င်းဘေးဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက် မှုနှင့် ရေသန့်ဆေးဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၇) ရက်နေ့တွင် (၀၉းဝ၀)နာရီမှ (၁ဝးဝ၀) နာရီထိ မုတ်သုန်အကြို ကာလမုန်တို်င်းဘေးဇာတ်တိုက်လေ့ကျင့်ခန်းအား စစ်တွေမြို့နယ်၊ ချောင်းနွယ်မင်းဂံကျေးရွာ၌ ဌာနဆိုင်ရာဝန်ထမ်းအင်အား (၈၀) ဦး၊ကျေးရွာသူ/သား (၃၀၀) ဦး၊ စုစုပေါင်းလူအင်အား (၃၈၀) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ဘေး (၈) မျိုး လက်ကမ်းစာစောင် (၃၀၀) စောင်ကိုလည်း ဖြန့်ဝေပေးအပ်ခဲ့ပါသည်။ ထို့ပြင်် ရေသန့်ဆေး (၂၄၀) ထုပ်ပါ (၁၀) ဖာအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် ပြည်သူသို့ပန်ကြားလွှာစာစောင်များ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့၊ မြို့မစျေးနှင့် ကားဂိတ်များရှိ လူစည်ကားရာနေရာများ၌ မီးဘေး၊ မိုးကြိုးဘေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ပြည်သူသို့ ပန်ကြားလွှာစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မင်းတဲကြီးကျေးရွာ၌ (၂၉-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့်အိမ်ထောင်စု (၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၈) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၆၀,၉၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၉၀,၀၀၀) ကျပ်၊ စုစုပေါင်း (၂၅၀,၉၀၀) ကျပ်တို့အား (၁-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် သတိပေးဆိုင်းဘုတ်စိုက်ထူပေးမှု သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၁၇) ရက်နေ့တွင် မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက်၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်သတိပေးဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကျိုင်းတုံမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ဟိုနားအောက်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁-၅-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၄းဝ၀) နာရီအချိန်တွင် ကျိုင်းတုံးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ဟိုနားအောက်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ငလျင်သရုပ်ပြလေ့ကျင့်ခန်းများဆောင်ရွက်ခဲ့ပါသည်။ ထို့နောက်တက်ရောက်သူများထံ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် အရေးပေါ်ဆက်သွယ်နိုင်မည့်ဖုန်းနံပါတ်များကပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ လူဦးရေ (၁၁၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မော်လိုက်မြို့နယ်၊ ဝါးရုံသာကျေးရွာအုပ်စု၊ အင်ကုန်းကျေးရွာရှိ ကမ်းပါးပြိုနေမှုနှင့် ကျေးရွာပြောင်းရွေ့မည့် မြေနေရာအား ကွင်းဆင်းစစ်ဆေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၁၇) ရက်နေ့တွင် နှစ်စဉ်နှစ်တိုင်း ကမ်းပြိုဘေး အန္တရာယ်ကြုံတွေ့နေသည့်အတွက် ကျေးရွာပြောင်းရွှေ့လိုသည့် မော်လိုက်မြို့နယ်၊ ဝါးရုံသာကျေးရွာအုပ်စု၊ အင်ကုန်းကျေးရွာအား မြို့နယ်ထွေ/အုပ်၊ လယ်စီ/အင်း ဌာနမှ တာဝန်ရှိသူများနှင့်အတူ ကမ်းပါးပြိုနေမှုနှင့် ကျေးရွာပြောင်းရွေ့မည့် မြေနေရာကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)









