ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၇) ရက်နေ့တွင် (၀၉းဝ၀)နာရီမှ (၁ဝးဝ၀) နာရီထိ မုတ်သုန်အကြို ကာလမုန်တို်င်းဘေးဇာတ်တိုက်လေ့ကျင့်ခန်းအား စစ်တွေမြို့နယ်၊ ချောင်းနွယ်မင်းဂံကျေးရွာ၌ ဌာနဆိုင်ရာဝန်ထမ်းအင်အား (၈၀) ဦး၊ကျေးရွာသူ/သား (၃၀၀) ဦး၊ စုစုပေါင်းလူအင်အား (၃၈၀) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ဘေး (၈) မျိုး လက်ကမ်းစာစောင် (၃၀၀) စောင်ကိုလည်း ဖြန့်ဝေပေးအပ်ခဲ့ပါသည်။ ထို့ပြင်် ရေသန့်ဆေး (၂၄၀) ထုပ်ပါ (၁၀) ဖာအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)