ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မင်းတဲကြီးကျေးရွာ၌ (၂၉-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့်အိမ်ထောင်စု (၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၈) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၆၀,၉၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၉၀,၀၀၀) ကျပ်၊ စုစုပေါင်း (၂၅၀,၉၀၀) ကျပ်တို့အား (၁-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)