Category Archives: News
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၌ (၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁၈) စု၊ လူဦးရေ (၈၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၂၀,၀၀၀)၊ ဆန်ရိက္ခာဖိုးငွေ (၁၇၀,၁၀၀)၊ စုစုပေါင်း ကျပ် (၁,၀၉၀,၁၀၀)နှင့် ပြိုလဲအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (၇) အိမ်ထောင်စာ၊ အမိုးလန်အိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၁) အိမ်ထောင်စာတို့အား (၁၁-၅-၂၀၁၇) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ဒေသများသို့ … Read more
-
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ ဖြစ်ပွားသော လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၇) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ရှိ အိမ်ထောင်စု (၁၂) စု၊ လူဦးရေ (၅၄) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၂၀,၀၀၀/-)၊ ဆန်ရိက္ခာဖိုးငွေ (၁၁၃,၄၀၀/-)၊ စုစုပေါင်းကျပ် (၈၃၃,၄၀၀/-) နှင့် ပြိုလဲအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (၆) အိမ်ထောင်စာ၊ အမိုးလန် အိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၆) အိမ်ထောင်စာတို့အား (၁၁-၅-၂၀၁၇) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့် … Read more
-
ပခုက္ကူမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် အတွင်း(၇- ၅ – ၂၀၁၇ ) ရက်နေ့ ့လေပြင်းတိုက်ခတ်မှုကြောင့်မြို့ခင်းသာကျေးရွာအုပ်စု ပြိုလဲပျက်စီး (၁၇) အိမ်၊ အမိုးလန် အိမ် (၆၃)လုံး အတွက် ဆန််ရိက္ခာဖိုးထောက်ပ့ံငွေ (၇)ရက်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၃၆၃၂၀၀၀/-) ၊ မြင်းဝင်းကျေးရွာအုပ်စုတွင်းမှ ပြိုလဲပျက်စီးအိမ်(၂)၊ အမိုးလန်အိမ် (၄၉) လုံးအတွက် ဆန််ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၆၀၈၄၀၀/-) ၊ ဘဲကြီးကျေးရွာအုပ်စုတွင်းမှ ပြိုလဲပျက်စီးအိမ် (၆) လုံး၊ အမိုးလန်အိမ် (၁၆၅)လုံး အတွက် … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ တောင်ကြားကျေးရွာ၌ ဖြစ်ပွားသော လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၇) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ တောင်ကြားကျေးရွာမှ ပြိုကျအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀/-) နှင့် ကယ်ဆယ်ရေး ပစ္စည်း (၉) မျိုး (၃) အိမ်ထောင်စာ၊ ခေါက်ဆွဲခြောက် (၃) ဖာအား (၁၀-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့နယ်၊ ရေရှင်ကျေးရွာနှင့် အင်းကျွန်းကျေးရွာတို့၌ (၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးအကာပျက်စီးအိမ် (၁၅) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၅) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၆၀,၀၀၀) ကျပ်နှင့် ကလေးဝမြို့နယ်၊ ရွှေတောင်ကျေးရွာ၌ (၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးအကာပျက်စီးအိမ် (၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀) ကျပ်တို့အား … Read more
-
ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ကင်းဝန်းကျေးရွာ၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးအဖြစ် မိုးကြိုကာလ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုသတင်း
(၁၀-၅-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Action Aid (Myanmar) ဖျာပုံအဖွဲ့နှင့် ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ကင်းဝန်းကျေးရွာ၌ ပြည်သူလူထုပူးပေါင်းပါဝင်သော သဘာဝဘေးကြိုတင်ကာကွယ်ရေးအဖြစ် မိုးကြိုကာလ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအား အင်အား (၃၅၀) ဦးဖြင့် လေ့ကျင့်ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိ အမြဲရှိစေရန် လက်ကမ်းစာစောင်နှင့်ပိုစတာများ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ဖြစ်ပွားသော လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၇) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စု (၁၈၆) စု၊ လူဦးရေ (၉၂၀) ဦး၊ သေဆုံး (၂) ဦး ဘာသာရေးအဆောက်အဦ (၃) လုံးတို့ အတွက် ထောက်ပံငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို (၉-၅-၂၀၁၇) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်၌ ရွှေကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဇာနည်မင်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဦးစီးမှူးက ထောက်ပံ့ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း၌ (၇-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ကျေးရွာအုပ်စု (၄) စုမှ အိမ်ခြေ (၇) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း ဘေးသင့်ခဲ့ပါသည်။ အဆိုပါ ဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၇၀,၀၀၀) ကျပ်နှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ် စုစုပေါင်း (၆၇၀,၀၀၀) ကျပ်တို့အား (၁၀-၅-၂၀၁၇) ရက်နေ့တွင် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း၌ (၅-၅-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အမိုးလန် အိမ်ထောင်စု (၃၄၁) စုအတွက် ထောက်ပံ့ငွေ (၁၆၉.၅) သိန်းအား (၁၁-၅-၂၀၁၇) ရက်နေ့တွင် ဟုမ္မလင်းမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သထုံမြို့နယ်၊ ဒုံဝန်းကျးရွာအုပ်စု၊ ကမာစိုင်ကျေးရွာ၊ ရွှေညောင်ပင်ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
(၁၁-၅-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးးမှ တာဝန်ရှိသူများသည် သထုံမြို့နယ်၊ ဒုံဝန်းကျးရွာအုပ်စု၊ ကမာစိုင်ကျေးရွာ၊ ရွှေညောင်ပင်ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး နံရံကပ်ပိုစတာများ၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက်စာစောင်များ ဝေငှပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/ရွာသား (၂၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)









