ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း၌ (၇-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ကျေးရွာအုပ်စု (၄) စုမှ အိမ်ခြေ (၇) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း ဘေးသင့်ခဲ့ပါသည်။ အဆိုပါ ဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၇၀,၀၀၀) ကျပ်နှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ် စုစုပေါင်း (၆၇၀,၀၀၀) ကျပ်တို့အား (၁၀-၅-၂၀၁၇) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)