ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၌ (၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁၈) စု၊ လူဦးရေ (၈၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၂၀,၀၀၀)၊ ဆန်ရိက္ခာဖိုးငွေ (၁၇၀,၁၀၀)၊ စုစုပေါင်း ကျပ် (၁,၀၉၀,၁၀၀)နှင့် ပြိုလဲအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (၇) အိမ်ထောင်စာ၊ အမိုးလန်အိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၁) အိမ်ထောင်စာတို့အား (၁၁-၅-၂၀၁၇) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ဒေသများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)