Category Archives: News
-
သောက်သုံးရေလှူဒါန်းမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၇) ရက်နေ့တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပုပ္ပါးကုန်းရပ်ကွက်မှ အိမ်ခြေ (၅၁) အိမ်၊ အိမ်ထောင်စု (၅၇) စု၊ လူဦးရေ (၂၃၉) ဦးအတွက် (၁) ရက်လျှင် သောက်သုံးရေ ဂါလန် (၆,၄၀၀) နှုန်းဖြင့် (၃) ရက်စာ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)
-
မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ရွာအရှေ့တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်းနေ ပြည်သူများအတွက် သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
မကွေးတိုင်းဒေသကြီးဦးစီးမှှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ရွာအရှေ့တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ အိမ်ခြေ (၂၅၀)၊ အိမ်ထောင်စု (၂၇၀) စုမှ လူဦးရေ (၁၇၀၀) ဦးတို့အတွက် သောက်သုံးရေ (၆၄၀၀) ဂါလံအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
အလှူငွေလက်ခံရရှိမှုသတင်
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ (၁၈-၅-၂၀၁၇) ရက်နေ့တွင် မြန်မာနိုင်ငံရေဘေးသင့်ပြည်သူများအတွက် ဗိုလ်မှူး ဒေါ်သိန်းသိန်မြင့် (အငြိမ်းစား) မှ လာရောက်လှူဒါန်းသော အလှူငွေ (၁၀) သိန်းအား ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၇) ရက်နေ့ဖြစ်ပွား ခဲ့သော မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာမှ လေဘေးကြောင့် ပြိုကျလူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်၊ လူ (၄) ဦးအတွက် ဆန် (၇) ရက်စာ (၈၄၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၁) စုစာတို့အား (၁၇-၅-၂၀၁၇) ရက်နေ့၌ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးမြို့နယ်၊ ကြာကန်အုပ်စု၊ အောင်ချမ်းသာကွက်သစ်၊ ကြာကန်ရွာမြောက်ပိုင်းမှ ပြည်သူများအတွက် သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ကြာကန်အုပ်စု၊ အောင်ချမ်းသာကွက်သစ်၊ ကြာကန်ရွာမြောက်ပိုင်းရှိ အိမ်ခြေ (၂၅၀) မှ လူဦးရေ (၁၂၅၀) ဦးတို့အတွက် သောက်သုံးရေ (၆၄၀၀) ဂါလံအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊မွန်ပြည်နယ််ဦးစီးမှူးရုံး၊ဦးဆောင်မှုဖြင့်သထုံ ခရိုင်နှင့်မြို့နယ်သဘာဝဘေးကာကွယ််စောင့်ရှောက်ရေးလုပ်ငန်းကော်မတီအဖွဲ့များသဘာဝဘေး လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များပူးပေါင်း၍မိုးကြိုကာလအတွင်းဖြစ်တတ်သည့် သဘာဝဘေး အန္တရာယ်များအနက် မုန်တိုင်းသဏ္ဍာန်တူူဇာတ်တိုက် လေ့ကျင့်ခြင်းကို (၁၇-၅-၂၀၁၇) ရက်နေ့နှင့် (၁၈-၅-၂၀၁၇)နေ့များတွင် သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ဒုံဝန်းကျေးရွာရွှေကျောင်းကြီး ဘုန်းကြီးကျောင်း၌ ပြည်သူလူထုအင်အား (၃၀၀) ဦး ကျော်ဖြင့် အောင်မြင်စွာလေ့ကျင့် ဆောင်ရွက် ခဲ့ပါသည်။ ပြည်နယ်ဦးစီးမှူးမှ ဒေသခံပြည်သူလူထုုကိုယ်တိုင်ပါဝင် ဆောင်ရွက်ခြင်းဖြင့် အရေးပေါ် အခြေအနေတွင် တုံ့ပြန်ဆောင်ရွက်တတ်လာစေရန်၊ မိုးလေဝသသတင်း များအား အလေးထားနား ထောင်တတ်လာစေရန်၊ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများ ကောင်းမွန်စွာလုပ်ကိုင်ဆောင်ရွက် တတ်စေရန်နှင့် ဆောင်ရန်၊ ရှောင်ရန်များ ပိုမိုသိရှိလာနိုင်စေရန်လေ့ကျင့်ဆောင်ရွက်ခဲ့ ပြောကြား ခဲ့ပါ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်် ကျောက်တော်မြို့နယ်၊ ကျားနင်းကန်ကျေးရွာ၌ (၁၂-၅-၂၀၁၇) ရက်နေ့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၄) လုံး၊ ဆန်စက်ရုံ (၁) ရုံရှိ ခေါင်မိုးသွပ်ပြားများ ပျက်စီးဆုံးရှုံးခဲ့ပါသည်။ အဆိုပါ ဘေးသင့်အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုငွေ (၄၀၀,၀၀၀) ကျပ်နှင့် လူဦးရေ ကျား (၁၅) ဦး၊ မ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုငွေ (၇) ရက်စာ (၆၅,၁၀၀) ကျပ်၊ … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရှိလေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာနှင့် ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကုန်းကျေးရွာတို့တွင် (၁၁-၅-၂၀၁၇) ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀၀၀၀)ကျပ်နှင့် အမိုးလန်နေအိမ် (၁၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၇၀၀၀၀၀)ကျပ်ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ (၁၈-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ အမှတ် (၃)ရပ်ကွက်၌ (၁၇-၅-၂၀၁၇)ရက်နေ့က မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ လူနာ (၁၆)ဦးတို့အား တစ်ဦးလျှင် (၅၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၈၀၀၀၀၀)ကျပ်ကို (၁၈-၅-၂၀၁၇)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအသိ ပညာပေးဟောပြောဆွေးနွေးပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးလည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၇) ရက်နေ့၊ (၁ဝး၃၀) နာရီ အချိန်တွင် မြောင်းမြမြို.နယ၊်တြိန်းကျွန်းကျေးရွာအုပ်စု အောင် လှိုင်ရေကျော်ကျေး ရွာနေပြည်သူ (၁၂၀) ဦးအားသဘာဝဘေးအသိပညာပေးဟော ပြောပွဲ ကျင်းပပြုလုပ်းခဲ့ကြောင်း သတင်းရရှိပါသည်။Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)









