
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊မွန်ပြည်နယ််ဦးစီးမှူးရုံး၊ဦးဆောင်မှုဖြင့်သထုံ ခရိုင်နှင့်မြို့နယ်သဘာဝဘေးကာကွယ််စောင့်ရှောက်ရေးလုပ်ငန်းကော်မတီအဖွဲ့များသဘာဝဘေး လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များပူးပေါင်း၍မိုးကြိုကာလအတွင်းဖြစ်တတ်သည့် သဘာဝဘေး အန္တရာယ်များအနက် မုန်တိုင်းသဏ္ဍာန်တူူဇာတ်တိုက် လေ့ကျင့်ခြင်းကို (၁၇-၅-၂၀၁၇) ရက်နေ့နှင့် (၁၈-၅-၂၀၁၇)နေ့များတွင် သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ဒုံဝန်းကျေးရွာရွှေကျောင်းကြီး ဘုန်းကြီးကျောင်း၌ ပြည်သူလူထုအင်အား (၃၀၀) ဦး ကျော်ဖြင့် အောင်မြင်စွာလေ့ကျင့် ဆောင်ရွက် ခဲ့ပါသည်။ ပြည်နယ်ဦးစီးမှူးမှ ဒေသခံပြည်သူလူထုုကိုယ်တိုင်ပါဝင် ဆောင်ရွက်ခြင်းဖြင့် အရေးပေါ် အခြေအနေတွင် တုံ့ပြန်ဆောင်ရွက်တတ်လာစေရန်၊ မိုးလေဝသသတင်း များအား အလေးထားနား ထောင်တတ်လာစေရန်၊ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများ ကောင်းမွန်စွာလုပ်ကိုင်ဆောင်ရွက် တတ်စေရန်နှင့် ဆောင်ရန်၊ ရှောင်ရန်များ ပိုမိုသိရှိလာနိုင်စေရန်လေ့ကျင့်ဆောင်ရွက်ခဲ့ ပြောကြား ခဲ့ပါ သည်။
Source:သထုံခရိုင််ဦးစီးမှူးရုံး(ကဆရ)