လေဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်် ကျောက်တော်မြို့နယ်၊ ကျားနင်းကန်ကျေးရွာ၌ (၁၂-၅-၂၀၁၇) ရက်နေ့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၄) လုံး၊ ဆန်စက်ရုံ (၁) ရုံရှိ ခေါင်မိုးသွပ်ပြားများ ပျက်စီးဆုံးရှုံးခဲ့ပါသည်။ အဆိုပါ ဘေးသင့်အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုငွေ (၄၀၀,၀၀၀) ကျပ်နှင့် လူဦးရေ ကျား (၁၅) ဦး၊ မ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုငွေ (၇) ရက်စာ (၆၅,၁၀၀) ကျပ်၊ စုစုပေါင်း (၄၆၅,၁၀၀) ကျပ်တို့အား (၁၈-၅-၂၀၁၇) ရက်နေ့တွင် ဘေးဖြစ်ပွားရာနေရာသို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)

 

Sign Up

Upcoming Events