Category Archives: News
-
မိုရာမုန်တိုင်းသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များ သည် မိုရာမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံခဲ့သော မောင်တောမြို့နယ်၊ လေဘေး သင့် ကျေးရွာအုပ်စု (၁၉) စုမှ လုံးဝပြိုကျသွားသည့် အိမ် (၁၅၃) လုံးအတွက် ( ၈၀၅၀၀၀၀/-) ကျပ် တစ်စိတ်တစ်ပိုင်းပြိုကျအိမ် (၅၃၃) လုံးအတွက် (၁၀၆၆၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၈၇၁၀၀၀၀/-) ကျပ်တို့ အား (၁၄ -၆ -၂၀၁၇) ရက်နေ့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသညSource: မောင်တောခရို်င်ဦးစီးမှူးရုံး (ကဆရ)
-
မိုရာမုန်တိုင်းသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များ သည် မိုရာမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံခဲ့သော ဘူးသီးတောင်မြို့နယ်၊ လေဘေး သင့် ကျေးရွာအုပ်စု (၂၀) စုမှ လုံးဝပြိုကျသွားသည့် အိမ် (၁၉၇) လုံးအတွက် (၁၂၈၁၀၀၀၀ /-) ကျပ် တစ်စိတ်တစ်ပိုင်းပြိုကျအိမ် (၅၆၉) လုံးအတွက် (၁၃၈၅၅၀၀၀/-) ကျပ်၊ စုစုပေါင်း (၂၆၆၆၅၀၀၀ /-) ကျပ်တို့ အား (၁၄ -၆ -၂၀၁၇) ရက်နေ့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source: မောင်တောခရို်င်ဦးစီးမှူးရုံး … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၆.၂၀၁၇ )ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ဒေါင့်ကြီးဘက်အုပ်စု၊ ရွှေကျောင်းပိုင်းကျေး ရွာ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ(၃၈၂)ဦးတက်ရောက်ခဲ့ပါသည်။ ၄င်းနောက် မီးဘေး၊ရေဘေး၊မုန်တိုင်းဘေး၊ငလျင်ဘေး၊ဆူနာ မီဘေး၊မြေပြိုဘေး၊မိုကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ပိုစတာများ၊ ဗွီနိုင်းများဖြန့်ဝေခဲ့ပါ သည်။၄င်းနောက်ရေဘေးအသိပညာပေးဗွီနိုင်းအား ကျေးရွာအတွင်း လူအများသွားလာရာလမ်းဘေး တွင်စိုက်ထူခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိ ပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၁၇) ရက်နေ့၌ ကမ်းပြိုဘေးကြောင့် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအုပ်စု၊ ဗလဘကျေးရွာရှိ ဘေးသင့်အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၂၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅) သိန်းကျပ်၊ ဆန်ရိက္ခာဖိုး (၄၈၃၀၀/-) ကျပ်၊စုစုပေါင်း(၅၄၈၃၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား (၁၅-၆-၂၀၁၇) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ နဝင်းရပ်ကွက်၊ ဝါးရုံးအပိုင်း (၃) ၌ (၁၀-၆-၂၀၁၇) ရက်နေ့၌ သစ်ပင်ပိပြိုလဲနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ကတ္ထူပုံးအပါ (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀)ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀,၀၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ဝါးရုံဆိပ်ကျေးရွာအုပ်စု၊ လျှော်ထုံးအနောက်စုရွာ၌(၉-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ကတ္ထူပုံးအပါ (၁) ပုံး၊ Family Kit (၁) ပုံးနှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀) ကျပ်တို့အား (၁၅-၆-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့နယ်၊ စုပေါင်းရုံး၌ ကျင်းပပြုလုပ်သော ရပ်/ကျေးအစည်းအဝေး၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေး (၁၄၀) ခန့်တို့အား DAN Mobile Application အသုံးပြုပုံ/ အသုံးပြုနည်းများအားရှင်းလင်းပြောကြားခြင်း၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး စသည့် ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များအားဝေငှပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ကချင်ပြည်နယ်၊ တနိုင်းဒေသမှ နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၁၇) ရက်နေ့၌ ဒေသခံစေတနာရှင်များနှင့်အတူ ပူးပေါင်း၍ ကချင်ပြည်နယ်၊ တနိုင်းဒေသမှ နေရပ်ပြန်ပြည်သူ (၃၂၈) ဦးအတွက် ထမင်းထုပ်ဝေငှပေးခြင်းနှင့် ရေသန့် (၄၂၀) ဘူးနှင့် အချိုရည် (၄၀၈) ဘူးတို့အား ဝေငှပေးခဲ့ပြီး လတ်တလော အဝတ်အစား အခက်အခဲဖြစ်နေသော ပြည်သူ (၆) ဦးအတွက် ကျားလုံချည် (၄) ထည်၊ မလုံချည် (၂) ထည်နှင့် တီရှပ် (၆) ထည်တို့အား (၁၅-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
လူမှုရေးပင်စင်ထောက်ပံ့မှုစတင်ခြင်းနေ့တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဘိုးဘွားအချို့ လက်ဝယ်သို့ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်မှုသတင်း
နေပြည်တော်၊ ၁၅-၆-၂၀၁၇ လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ ဖြစ်စေရေး၊ လူ့ဂုဏ် သိက္ခာနှင့်ပြည့်စုံသောလူမှုအသိုက်အဝန်း တစ်ရပ်ပေါ်ပေါက်လာစေရေးအတွက် လုပ်ငန်းစဉ် (၈) ရပ် ပါဝင်သည့် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးကိုအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ရေးဆွဲ၍ ပြည်သူများလွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးဦးတည်လျက်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနကပွင့်လင်းမြင်သာစွာဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းစဉ် (၈) ရပ်အနက် (၁) ရပ်ဖြစ်သည့် သက်ကြီးရွယ်အိုများအားလူမှုရေးပင်စင် ထောက်ပံ့မှုအစီအစဉ်ကို သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေနှင့်အညီအသက်အရွယ်အပိုင်းအခြားအလိုက် ထောက်ပံ့နိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ရာနိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်မှစတင်ကာတစ်နိုင်ငံလုံးရှိအသက် (၉၀) နှစ်နှင့်အထက် ဘိုးဘွားများအားတစ်ဦးလျှင် လစဉ် ကျပ် (၁) သောင်းနှုန်းထောက်ပံ့ သွားမည်ဖြစ်ပြီး ကနဦးအနေဖြင့် … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၌ (၂၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၂၃,၆၀၀) ကျပ်နှင့် ရွှေတောင်မြို့နယ်၊ လမိုင်းကျေးရွာအုပ်စု၌ (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၇,၂၀၀) ကျပ်တို့ စုစုပေါင်းထောက်ပံ့ငွေ (၆၂၀,၈၀၀) ကျပ်တို့အား ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၁၅-၆-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)









