အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့နယ်၊ စုပေါင်းရုံး၌ ကျင်းပပြုလုပ်သော ရပ်/ကျေးအစည်းအဝေး၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေး (၁၄၀) ခန့်တို့အား DAN Mobile Application အသုံးပြုပုံ/ အသုံးပြုနည်းများအားရှင်းလင်းပြောကြားခြင်း၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး စသည့် ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များအားဝေငှပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Source:            ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events