ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၁၇) ရက်နေ့၌ ဒေသခံစေတနာရှင်များနှင့်အတူ ပူးပေါင်း၍ ကချင်ပြည်နယ်၊ တနိုင်းဒေသမှ နေရပ်ပြန်ပြည်သူ (၃၂၈) ဦးအတွက် ထမင်းထုပ်ဝေငှပေးခြင်းနှင့် ရေသန့် (၄၂၀) ဘူးနှင့် အချိုရည် (၄၀၈) ဘူးတို့အား ဝေငှပေးခဲ့ပြီး လတ်တလော အဝတ်အစား အခက်အခဲဖြစ်နေသော ပြည်သူ (၆) ဦးအတွက် ကျားလုံချည် (၄) ထည်၊ မလုံချည် (၂) ထည်နှင့် တီရှပ် (၆) ထည်တို့အား (၁၅-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ကဆရ)