Category Archives: News
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့ နယ် အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာမများနှင့် သင်တန်းသူ စုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် များကို ဟောပြောပို့ချခဲ့ပါပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းစီမံချက် (MAPDRR) ရေးဆွဲရေး နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့များစုံညီအစည်းအဝေး ကျင်းပမှုသတင်း
နေပြည်တော်ရှိ Grand Amara Hotel ၌ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းစီမံချက် (MAPDRR) ရေးဆွဲရေး နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့များစုံညီအစည်းအဝေးသို့ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ ကုလသမဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ Deputy Country Director Ms. Dawn Del Rio နှင့် UN, INGOs, NGOs များမှ ဖိတ်ကြားထားသည့် ဧည်သည်တော်ကြီးများ တက်ရောက်ခဲ့ပါသည်။ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်၍ (၁၉-၆-၂၀၁၇) ရက်နေ့တွင် အ ထ က (၄) (သထုံ) တွင် ကျောင်းသား၊ ကျောင်းသူ (၄၂၀) ဦးအား သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့်အကြောင်းအရာများ အား ဆွေးနွေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ပခုက္ကူမြို့တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့စက်မှုဇုန်ခန်းမတွင် (၂၀-၆-၂၀၁၇) ရက်နေ့ (ဝ၉း၀၀) နာရီအချိန်၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွား သင်တန်းအား ဖွင့်လှစ်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးနေဝင်းနှင့် ပခုက္ကုူခရိုင်ထွေအုပ် မှ တာဝန်ရှိသူတို့က အမှာစကားပြောကြားကြပြီး ခရိုင်အတွင်း ရှိမြို့နယ် များမှ သင်တန်းသား၊ သင်တန်းသူ (၄၀) ဦး တက်ရောက်လျက်ရှိပါသည်။ အဆိုပါ သင်တန်းကာလမှာ (၂၀-၄-၂၀၁၇) ရက်မှ (၂၄-၆-၂၀၁၇) ရက်နေ့အထိ (၄) ရက်ကြာမြင့်မည်ကြောင်း သိရှိရပါသည်။
-
ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတွဲ မြို့နယ်၊ ဆင်ခေါင်းကျေးရွာအုပ်စု၊ ညောင်ခြေထောက်ကျေးရွာ၌ (၁၁-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော လေဆင်နှာမောင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော လုံးဝပျက်စီးနေအိမ် (၁) လုံးအတွက် ပလပ်စတစ် ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၁၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁၃) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၆၅၀,၀၀၀) ကျပ်၊ လူဦးရေ (၆၄) … Read more
-
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်းတယမြို့သို့ယာယီမိုးကာတဲအကြီး(၅)လုံးလွှဲပြောင်းပေးအပ် မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ (၉.၆.၂၀၁၇)ရက်နေ့ခရီးစဉ်လမ်းညွှန်ချက်အရသဘာဝဘေးဖြစ်ပွားချိန်တွင်အသင့်အသုံးပြုနိုင်ရေး အတွက် ယာယီမိုးကာတဲအကြီး (၅ )လုံးအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်းတယမြို့သို့ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ သွားရောက် လွှဲပြောင်းပေးအပ် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ကျိုက်ထိုမြို့နယ်အတွင်းလေဘေးသင့်ပြည်သူများသို့ထောက်ပံ့ပေးမှုသတင်း
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်၊တောလေးပိုင်းနှင့် ကော့ထင်းကျေးရွာတို့တွင် (၁၈-၆-၂၀၁၇)ရက်နေ့ ညနေ(၁၄း၃၀)ချိန်ခန့်တွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁)လုံး ပြိုကျ ပျက်စီးပြီး နေအိမ်(၁)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးမှု အတွက််ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာ သထုံခရိုင််ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြိုကျအိမ်(၁)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးပါ (၁)ပုံး တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁)လုံးအတွက် ကယ်ရေးပစ္စည်း (၇)မျိုးပါ (၁)ပုံး။အိမ်ဆောက်ပစ္စည်းဘိုးငွေ (၁၅၀၀၀၀)နှင့် လူဦးရေ (၁၂)ဦးအတွက် ဆန်ဘိုးငွေ(၇)ရက်စာ (၂၅၂၀၀) စုစုပေါင်းထောက်ပ့ံငွေ (၁၇၅၂၀၀)ကယ်ဆယ်ရေးပစ္စည်း (Family kit) (၂)အိတ် တို့အား (၁၉-၆-၂၀၁၇) … Read more
-
လက်တွေ့ကျပြီးအကျိုးဖြစ်ထွန်းသည့် လူငယ်မူဝါဒဖြစ်စေရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှာကြား
နေပြည်တော်၊ ၁၉-၆-၂၀၁၇ မြန်မာနိုင်ငံလူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ ကော်မတီကရေးဆွဲခဲ့သော မူဝါဒအကြမ်းပေါ်ပေါက်ရေး လုပ်ငန်း ကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ Hotel Max ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလူငယ်ထုဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းရည်မြှင့်တင်ရေးနှင့် ပါဝင်နိုင်မှုကဏ္ဍ တိုးမြှင့်ရေးအတွက် လူငယ်မူဝါဒအမြန်ဆုံးပေါ်ထွက်ရန် လိုအပ်ပါကြောင်း၊ မူဝါဒရေးဆွဲရာတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ ကြုံတွေ့ရမည်ဖြစ်သော်လည်းလူငယ်များအပါအဝင် အားလုံးဒေသအဖွဲ့ဝင်များ စည်းလုံးညီညွတ် စွာဖြင့် အတူအကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းပြောကြားပါသည်။ ဆက်လက်၍ လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ UN … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေး တိုင်းဒေသကြီး၊ စလင်း မြို့နယ်၊ ကျောက်ရဲကျွန်းကျေးရွာတွင် (၁၆-၆-၂၀၁၇) ရက်နေ့ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် အိမ်ခြေ (၂၁) လုံး၊ အိမ်ထောင်စု (၂၁) စု၊ လူဦးရေ (၇၁) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၇) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၁၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၁၄၉၁၀၀/-) ကျပ် ၊ စုစုပေါင်း (၂၂၄၉၁၀၀/-) ကျပ်နှင့် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၁၉-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
ဘားအံမြို့နယ်၊ ဝဲကရင်ကျေးရွာ၌ မီးဘေးထောက်ပံ့မှုသတင်း
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဝဲကရင်ကျေးရွာ၌ (၁၆-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၁) လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး လူ (၁) ဦးသေဆုံးကာ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦး ဘေးဒုက္ခခံစားခဲ့ရပါသည်။ အဆိုပါ မီးဘေးအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ Family Kit (၁) စုံနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊သေဆုံးသူတစ်ဦးအတွက် ထောက်ပ့ံငွေ (၃၀၀,၀၀၀) ကျပ်နှင့် … Read more









