မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းစီမံချက် (MAPDRR) ရေးဆွဲရေး နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့များစုံညီအစည်းအဝေး ကျင်းပမှုသတင်း

20_Pic_02 20_Pic_03
နေပြည်တော်ရှိ Grand Amara Hotel ၌ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းစီမံချက် (MAPDRR) ရေးဆွဲရေး နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့များစုံညီအစည်းအဝေးသို့ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ ကုလသမဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ Deputy Country Director Ms. Dawn Del Rio နှင့် UN, INGOs, NGOs များမှ ဖိတ်ကြားထားသည့် ဧည်သည်တော်ကြီးများ တက်ရောက်ခဲ့ပါသည်။      ယနေ့ကျင်းပြုလုပ်သည့် အစည်းအဝေးသည် မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းစီမံချက် (MAPDRR) zero draft တွင် ပါဝင်သည့် ဦးစားပေးလုပ်ငန်း (၃၂) ခုနှင့် စပ်လျဉ်း၍ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ (၄) ဖွဲ့ပေါင်းစုံ၍ ဦးစားပေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့်လေ့လာစောင့်ကြည့်အကဲဖြတ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များနှင့် ခန့်မှန်းကုန်ကျစရိတ်လျာထား တွက်ချက်ရေးလုပ်ငန်းများအား ပြန်လည်သုံးသပ်နိုင်ရေးအတွက်  ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events