
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့စက်မှုဇုန်ခန်းမတွင် (၂၀-၆-၂၀၁၇) ရက်နေ့ (ဝ၉း၀၀) နာရီအချိန်၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွား သင်တန်းအား ဖွင့်လှစ်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးနေဝင်းနှင့် ပခုက္ကုူခရိုင်ထွေအုပ် မှ တာဝန်ရှိသူတို့က အမှာစကားပြောကြားကြပြီး ခရိုင်အတွင်း ရှိမြို့နယ် များမှ သင်တန်းသား၊ သင်တန်းသူ (၄၀) ဦး တက်ရောက်လျက်ရှိပါသည်။ အဆိုပါ သင်တန်းကာလမှာ (၂၀-၄-၂၀၁၇) ရက်မှ (၂၄-၆-၂၀၁၇) ရက်နေ့အထိ (၄) ရက်ကြာမြင့်မည်ကြောင်း သိရှိရပါသည်။