သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

20_Pic_02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့ နယ် အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာမများနှင့် သင်တန်းသူ စုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် များကို ဟောပြောပို့ချခဲ့ပါပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:    ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events