Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟော ပြောပွဲများပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝ ဘေးလျော့ပါးရေးလုပ်ငန်းစဉ်ဖြစ်သည့် ပြည်သူသို့သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟော ပြောပွဲများပြုလုပ်ရာတွင်အားလုံးပါဝင်သည့်သဘာဝဘေးလျော့ပါးရေးလုပ်ငန်းစဉ်ဖြစ်စေရေး ထိခိုက် လွယ်အုပ်စုများဖြစ်သည့်နားမကြားသောကလေးများကျောင်း(လူမှုဝန်ထမ်းဦးစီးဌာန)ရှိ ကလေးငယ် များ အား သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့်စွမ်းဆောင်ရည် ပြည့်ဝစေရေး အသိပညာပေးဟောပြော ခြင်း၊ သဘာဝဘေးအသိပညာပေးပုံပြင်များပြောခြင်း၊ သရုပ်ပြကစားခြင်းများကို (၂၂.၆.၂၀၁၇)ရက် နေ့တွင် ဆောင်ရွက်ခဲ့ရာ အဆိုပါကျောင်းမှကလေးငယ်များနှင့်ဆရာ၊ဆရာမ အင်အား (၂၀၀)ခန့်တက် ရောက်၍အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ဟောပြောပွဲတွင်သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များ၊ ပိုစတာများ၊ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများအား ဝေငှထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇီးငူကျေးရွာအုပ်စု၊ ဇီးငူကျေးရွာ၌ (၁၈-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုး၊ အကာများပျက်စီးခဲ့သည့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) ပုံး၊ အိမ်ဆောက် ပစ္စည်းဖိုး (၁၅၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာ (၂၉,၄၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၇၉,၄၀၀) အား (၂၂-၆-၂၀၁၇) ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲအား (၂၂-၆-၂၀၁၇)ရက်နေ့တွင် ပင်လောင်းမြို့နယ် နောင်တရားမြို့၌ ရပ်ကွက်/ကျေးရွာအဆင့်သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူများနှင့် ရပ်မိ/ရပ်ဖ ကျေးရွာသူ/သား အင်အား(၂၀၀)ခန့် တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။Source:ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲအား (၂၂-၆-၂၀၁၇)ရက်နေ့တွင် မိုင်းဆတ် မြို့နယ်၊ အခြေခံပညာအထက်တန်း ကျောင်းတွင်သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့်အကြောင်းအရာများအားဆွေးနွေးဟောပြောခြင်း ရှောင်ရန်/ဆောင်ရန်များဟောပြောခဲ့ပြီး တက်ရောက်သူ ဆရာ ဆရာမ. ကျောင်းသား ကျောင်းသူ သူဦး ရေ(၁၄၀) ဦးတက်ရောက် ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကျိုင်းတုံခရိုင််ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲအား (၂၂ -၆ -၂၀၁၇ )ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူး ရုံးမှ မြိတ်မြို့နယ် အမကရှမ်းချောင်းကျောင်းတွင်သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့်အကြောင်းအရာများအားဆွေးနွေးဟောပြောခြင်း ရှောင်ရန်/ဆောင်ရန်များဟောပြောခဲ့ပြီး တက်ရောက်သူကျောင်းသား/ သူဦး ရေ(၁၄၀) ဦးနှင့် ဆရာ/ဆရာမ(၆)ဦးစုစုပေါင်း တက်ရောက်ဦးရေ(၁၄၆)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင် နံရံကပ်ပိုစတာများကျောင်းသုံးဗလာ စာအုပ်နဲ့ဘောလ်ပင်များမုန်တိုင်း အသိပညာပေးဗွီနိုင်းအားဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၁၇) ရက်နေ့ (၁၄:၀၀) နာရီအချိန်၌ ကျိုင်းတုံမြို့ အမှတ် (၄) ရပ်ကွက်အတွင်းရှိ ပြည်သူလူထု (၁၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၁၇) ရက်နေ့ (၁၄:၀၀) နာရီအချိန်၌ ကျိုင်းတုံမြို့ အမှတ် (၂) ရပ်ကွက်အတွင်းရှိ ပြည်သူလူထု (၈၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ၊ကမာရွတ်မြို ့ န ယ် ၊ အမှတ်(၃)ရပ်ကွက်၊စံပါယ်(၁)လမ်းတွင် ပိုင်ရှင်ဦးတင်ယု နေအိမ် ဂက်စ် မီးဖိုမှတဆင့် (၁၆.၆.၂၀၁၇) ရက်နေ့ (၁၂း၄၀)နာရီတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နေအိမ်(၆)လုံး,၊ အိမ်ထောင်စု(၁၂)စုမှ လူဦးရေ (၅၄)ဦးတို့ မီးဘေး သင့်ခဲ့သဖြင့် အိမ်ခြေ(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်(၁၂,၀၀၀,၀၀) ၊ လူဦးရေ(၅၄)ဦးအတွက် ဆန်ရိက္ခာ (၇)စာဖိုးငွေ (၁,၁၃၄,၀၀) စုစုပေါင်းထောက်ပံ့ငွေ ကျပ် (၁၃,၁၃၄,၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁၂)အိမ်ထောင်စာ၊ ဆီ(၆)လုံးပါ (၁၂)ကဒ်၊ စတီးပန်ကန်ပြား … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင််ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကျေးရွာအုပ်စု(၇)စု ကျေးရွာ(၇)ရွာနှင့် ရပ်ကွက်(၁) ခု၌(၄.၆.၂၀၁၇)နှင့် (၅.၆.၂၀၁၇) နေ့တို့ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုပျက်အိမ်(၁၂)လုံး ယင်းမှလူ(၃၆)ဦး နှင့် အမိုးလန်ပျက်စီးအိမ်(၃၁)လုံး ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁၂) အိမ်ထောင်စာနှင့် ဆန်ဖိုးနှင့်အိမ်/ ကျောင်းဆောက်ပစ္စည်းဖိုး(၂၂၀၇၅၀၀ိ/-) ကျေးရွာအုပ်စု(၃)စု ၌(၁၁.၆.၂၀၁၇)နေ့ ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုပျက်အိမ်(၁)လုံး အမိုးလန်ပျက်စီးအိမ် (၄)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး(၃၂၁၀၀၀/-) ကျေးရွာအုပ်စု(၄)စု၌ (၁၂.၆.၂၀၁၇)နေ့ ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုပျက်အိမ် (၂)လုံး ယင်းမှလူ(၁၀)ဦးနှင့်အမိုးလန်ပျက်စီးအိမ်(၇)လုံးတို့အတွက် ကယ်ဆယ်ပစ္စည်း(၉)မျိုး … Read more
-
မိုရာမုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာအုပ်စုများရှိ အုပ်စု (၁၂) စုမှ လုံးဝပြိုလဲအိမ် (၂၈၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၇,၄၀၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၇၈) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၄,၉၆၀,၀၀၀) ကျပ်တို့အား မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ (၂၁-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)









