ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင််ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကျေးရွာအုပ်စု(၇)စု ကျေးရွာ(၇)ရွာနှင့် ရပ်ကွက်(၁) ခု၌(၄.၆.၂၀၁၇)နှင့် (၅.၆.၂၀၁၇) နေ့တို့ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုပျက်အိမ်(၁၂)လုံး ယင်းမှလူ(၃၆)ဦး နှင့် အမိုးလန်ပျက်စီးအိမ်(၃၁)လုံး ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁၂) အိမ်ထောင်စာနှင့် ဆန်ဖိုးနှင့်အိမ်/ ကျောင်းဆောက်ပစ္စည်းဖိုး(၂၂၀၇၅၀၀ိ/-) ကျေးရွာအုပ်စု(၃)စု ၌(၁၁.၆.၂၀၁၇)နေ့ ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုပျက်အိမ်(၁)လုံး အမိုးလန်ပျက်စီးအိမ် (၄)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး(၃၂၁၀၀၀/-) ကျေးရွာအုပ်စု(၄)စု၌ (၁၂.၆.၂၀၁၇)နေ့ ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုပျက်အိမ် (၂)လုံး ယင်းမှလူ(၁၀)ဦးနှင့်အမိုးလန်ပျက်စီးအိမ်(၇)လုံးတို့အတွက် ကယ်ဆယ်ပစ္စည်း(၉)မျိုး (၂)အိမ်ထောင် စာနှင့် ဆန်ဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး(၄၆၄၀၀၀/-) ဇောတိကရပ်ကွက် စျေးချို(၂)လမ်း၌ (၁၅.၆.၂၀၁၇)နေ့ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်(၁)လုံး ယင်းမှလူ(၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးနှင့် အလှူပစ္စည်း(၈)မျိုးပါ(Family Kits) (၁) အိမ်ထောင်စာ ဆန်ဖိုးနှင့်အိမ်ဆောက်ပစ္စည်းဖိုး(၂၀၂၁၀၀/-) စုစုပေါင်း ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး(၁၆)အိမ်ထောင်းစာ အလှူပစ္စည်း(၈)မျိုးပါ(Family Kits) (၁)အိမ်ထောင်စာ နှင့် ထောက်ပ့ံရန်ပုံငွေပေါင်း(၃၁၉၄၆၀၀/-)အား (၂၁-၆-၂၀၁၇)နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source:ပြည်ခရိုင််ဦးစီးမှူးရုံး(ကဆရ)