မိုရာမုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာအုပ်စုများရှိ အုပ်စု (၁၂) စုမှ လုံးဝပြိုလဲအိမ် (၂၈၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၇,၄၀၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၇၈) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၄,၉၆၀,၀၀၀) ကျပ်တို့အား မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ (၂၁-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:            မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events