ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ၊ကမာရွတ်မြို ့ န ယ် ၊ အမှတ်(၃)ရပ်ကွက်၊စံပါယ်(၁)လမ်းတွင် ပိုင်ရှင်ဦးတင်ယု နေအိမ် ဂက်စ် မီးဖိုမှတဆင့် (၁၆.၆.၂၀၁၇) ရက်နေ့ (၁၂း၄၀)နာရီတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နေအိမ်(၆)လုံး,၊ အိမ်ထောင်စု(၁၂)စုမှ လူဦးရေ (၅၄)ဦးတို့ မီးဘေး သင့်ခဲ့သဖြင့် အိမ်ခြေ(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်(၁၂,၀၀၀,၀၀) ၊ လူဦးရေ(၅၄)ဦးအတွက် ဆန်ရိက္ခာ (၇)စာဖိုးငွေ (၁,၁၃၄,၀၀) စုစုပေါင်းထောက်ပံ့ငွေ ကျပ် (၁၃,၁၃၄,၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁၂)အိမ်ထောင်စာ၊ ဆီ(၆)လုံးပါ (၁၂)ကဒ်၊ စတီးပန်ကန်ပြား (၆၀)၊ စောင် (၃၆)ထည် တို့အား(၂၁.၆.၂၀၁၇)ရက်နေ့တွင် သက်ဆိုင်ရာမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source:ရန်ကုန်တိုင်းဒေသကြီီးဦးစီးမှူးရုံး(ကဆရ)