ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝ ဘေးလျော့ပါးရေးလုပ်ငန်းစဉ်ဖြစ်သည့် ပြည်သူသို့သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟော ပြောပွဲများပြုလုပ်ရာတွင်အားလုံးပါဝင်သည့်သဘာဝဘေးလျော့ပါးရေးလုပ်ငန်းစဉ်ဖြစ်စေရေး ထိခိုက် လွယ်အုပ်စုများဖြစ်သည့်နားမကြားသောကလေးများကျောင်း(လူမှုဝန်ထမ်းဦးစီးဌာန)ရှိ ကလေးငယ် များ အား သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့်စွမ်းဆောင်ရည် ပြည့်ဝစေရေး အသိပညာပေးဟောပြော ခြင်း၊ သဘာဝဘေးအသိပညာပေးပုံပြင်များပြောခြင်း၊ သရုပ်ပြကစားခြင်းများကို (၂၂.၆.၂၀၁၇)ရက် နေ့တွင် ဆောင်ရွက်ခဲ့ရာ အဆိုပါကျောင်းမှကလေးငယ်များနှင့်ဆရာ၊ဆရာမ အင်အား (၂၀၀)ခန့်တက် ရောက်၍အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ဟောပြောပွဲတွင်သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များ၊ ပိုစတာများ၊ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများအား ဝေငှထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)