Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲအား (၂၃-၆-၂၀၁၇ )ရက်နေ့တွင် သံတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင််သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ််ခဲ့ပြီးတက်ရောက်(၄၀)ခန့်တက် ရောက်ခဲ့ပြီးအသိပညာပေးလက်ကမ်းစာစောင်များ မီး ရေ မုန်တိုင်း ငလျင် ဗီနိုင်း ပိုစတာများကို ကိုပြည်သူများအားဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးသစ်ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်ခရိုင် ဦးစီးမှူးရုံးဖွင့်လှစ် သည့်အခမ်း အနားကို(၂၄.၆.၂၀၁၇) ရက်နေ့ နံနက် (၉းဝ၀) နာရီ အချိန်တွင်ဖွင့်လှစ်၍ သံဃာတော်များအားနေ့ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အန္တရာယ်ကင်းပရိတ်ရွတ်ခြင်း၊ လှူဖွယ်ဝတ္ထုအစုစုတို့ကိုရေစက်သွန်းချ လှူဒါန်းခဲ့ပြီး အခမ်းအနားသို့ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊တက်ရောက်လာသူများအားနေ့လည်စာဖြင့်တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။၄င်းနောက် ညွှန်ကြားရေးမှူးချုပ်သည်မအူပင်ခရိုင်ဦးစီးမှူးရုံးသစ်၊ ဝန်ထမ်းအိမ်ရာတည် ဆောက်မည့်မြေနေရာနှင့် ကယ်ဆယ် ရေးပစ္စည်း များသိုလှောင် သိမ်းဆည်းထားရှိမှု အခြေအနေများ ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။
-
ကုလသမဂ္ဂဖွ့ံဖြိုးမှုအစီအစဉ်နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် (MAPDRR )ရေးဆွဲ ဆောင်ရွက်မှုအခြေ အနေများး ရှင်းလင်းဆွေးနွေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် (၂၃-၆-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ ကုလသမဂ္ဂဖွ့ံဖြိုးမှုအစီအစဉ်နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် (Myanmar Action Plan on Disaster Risk Reduction MAPDRR )ရေးဆွဲဆောင် ရွက်မှုအခြေအနေများကို ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများအား ရှင်းလင်းဆွေးနွေးပွဲသို့တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ၏ အရေးပါမှု၊ နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေကို သုံးစွဲ၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင်ကျခံသုံးစွဲမှုအခြေအနေ၊မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးစီမံချက်ရေးဆွဲခြင်းအားဖြင့် နိုင်ငံတော်အဆင့်နှင့်ဒေသန္တရအဆင့် ဦးစားပေးလုပ်ငန်းများသတ်မှတ်ဖော် ထုတ်ခြင်း၊ စီမံချက်နှင့် ကမ႓ာလုံးဆိုင်ရာ မူဘောင်များချိတ်ဆက်မှုအနေအထားစည်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၊မအူပင်ခရိုင်၊မအူပင်မြို့နယ်၊ငါးကြီးဂရက်ကျေးရွာနှင့်ကုလားစကျေးရွာတို့တွင် (၂၀-၆-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့်အမိုးလန်နေအိမ် (၈) လုံး၊ အိမ်ထောင်စု (၈) စုမှ လူဦးရေ (၃၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၈)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၇) ရက်စာ (၇၁၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၂၄၀၀၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ(၃၁၁၄၀၀ိ/-) အား(၂၃-၆-၂၀၁၇)ရက်နေ့တွင်ဘေးသင့်ပြည်သူများအားလက်ဝယ်အရောက်ကွင်းဆင်းထောက်ပံ့ ခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ဧရာဝတီတိုင်းဒေသကြီး ်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပ့ံငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများ ဟုမ္မလင်းမြို့နယ် နန့်တောကျေးရွာ (၂၀-၆-၂၀၁၇)နေ့ မိုးရွာသွန်းမှုကြောင့် ရေဝင်ရောက်သည့် စာသင်ကျောင်းများ လူနေအိမ်များနှင့် ရေတွင်းရေကန်များ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ရန်နှင့် သောက်သုံးရေသန့်ဖြန့်ဝေရန်အတွက် ငွေကျပ် (၇၅၀၀၀၀)ကို (၂၄-၆-၂၀၁၇)နေ့တွင် ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရ ရှိပါသည်။Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်သဘာဝဘေးအသိပညာ ပေးဆွေးနွေးဟောပြောပွဲအား (၁၉-၆-၂၀၁၇ )ရက်နေ့တွင် ကော့သောင်းမြို ့ အေးမြကန်သာရပ်ကွက် အိမ်တွင်းမှုကျောင်း၌ သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောခြင်း ရှောင်ရန်/ဆောင်ရန်များဟောပြောခဲ့ပြီး တက်ရောက်သူ( ၁၂၅)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရ ရှိပါသည်။Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲအား (၂၃-၆-၂၀၁၇ )ရက်နေ့တွင် ပြန်ကြားေရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဌာနဆိုင်ရာများနှင့် အလက(၁)မှဆရာ/ ဆရာမများ ကျောင်းသား/သူ (၁၀၃)ဦးအား းဆွေးနွေးဟောပြောခြင်း ရှောင်ရန်/ဆောင်ရန်များဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ နံရံကပ်ပိုစတာများနှင့် ဗလာစာအုပ် ဘောလ်ပင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၂.၆.၂၀၁၇) ရက်နေ့တွင််ဖြစ်ပွားသောချန်းဖန်းအုပ်စု အောင်ဘိုင်ရွာလေဘေးတွက် အိမ်ထောင်စုတစ်စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ ) ဘေးဒုက္ခသည် (၇)ဦး အတွက်ဆန်ရိက္ခာဖိုး(၁၄၇၀၀)တို့အားထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရ ရှိပါ သည်။Source:ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဟုမ္မလင်းမြို့နယ်အတွင်းရေကြီးရေလျှံမှုများဖြစ်ပွားသောကျေးရွာများသို့ကွင်းဆင်းဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန မှ တိုင်းဒေသကြီး ဦးစီးမှူး ခန္တီးခရိုင်ကယ်ဆယ်ရေးမှတာဝန်ရှိသူများနှင့် မြို့နယ်စည်ပင်ဥက္ကဌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ဟုမ္မလင်းမြို့နယ်အတွင်း (၂၀-၆-၂၀၁၇) နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်တောကျေးရွာ နောင်ပူအောင်ကျေးရွာတို့တွင်ရေကြီးရေလျှံမှု များဖြစ်ပေါ်ကာ လမ်းတံတားများပျက်စီးခြင်း စာသင်ကျောင်းများ ယာယီပိတ်ထားရခြင်းတို့ဖြစ်ပေါ်ခဲ့ သည့်အတွက်် (၂၃-၆-၂၀၁၇) နေ့တွင် ၄င်းကျေးရွာများသို့ ကွင်းဆင်း စစ်ဆေး၍ လိုအပ်ချက်များ ထောက်ပံ့မှု လုပ်ငန်းအ တွက်စီစစ်ဆောင်ရွက်ခြင်းဆောင်ရွက်ခဲ့ ပြီးကွင်းဆင်းလုပ်ငန်းဆောင်ရွက်ရာတွင် ဒေသ၏ အဓိကလိုအပ်ချက်ဖြစ်သော အော်သောကျေးရွာအုပ်စုရှိ ကျေးရွာ( ၅ )ရွာအသုံးပြု သည့် မင်းပွဲရွာနှင့် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ သရက်ခရိုင််ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲအား (၂၃-၆-၂၀၁၇ )ရက်နေ့တွင် သရက်မြို့နယ၊် သရက်ညေါင်ကိုင်းကျေးရွာ တွင်သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ််ခဲ့ပြီးတက်ရောက်(၅၀)ခန့်တက်ရောက်ခဲ့ ပြီးအသိပညာပေးလက်ကမ်းစာစောင်များကိုပြည်သူများအားဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင် ဦးစီးမှူးရုံး (ကဆရ)









