ကုလသမဂ္ဂဖွ့ံဖြိုးမှုအစီအစဉ်နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် (MAPDRR )ရေးဆွဲ ဆောင်ရွက်မှုအခြေ အနေများး ရှင်းလင်းဆွေးနွေးမှုသတင်း

24Pic_02
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် (၂၃-၆-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ ကုလသမဂ္ဂဖွ့ံဖြိုးမှုအစီအစဉ်နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် (Myanmar Action Plan on Disaster Risk Reduction MAPDRR )ရေးဆွဲဆောင် ရွက်မှုအခြေအနေများကို ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများအား ရှင်းလင်းဆွေးနွေးပွဲသို့တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ၏ အရေးပါမှု၊ နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေကို သုံးစွဲ၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင်ကျခံသုံးစွဲမှုအခြေအနေ၊မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးစီမံချက်ရေးဆွဲခြင်းအားဖြင့် နိုင်ငံတော်အဆင့်နှင့်ဒေသန္တရအဆင့် ဦးစားပေးလုပ်ငန်းများသတ်မှတ်ဖော် ထုတ်ခြင်း၊ စီမံချက်နှင့် ကမ႓ာလုံးဆိုင်ရာ မူဘောင်များချိတ်ဆက်မှုအနေအထားစည်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ဌာနေကိုယ်စားလှယ်၊ Mr. Peter Bachelor က MAPDRR အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုမှာ များစွာအရေးကြီးကြောင်း၊ သဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်စွမ်းမြင့်မားလာခြင်းဖြင့် ဖွ့ံဖြိုးတိုးတက်မှုကို ပါဖော်ဆောင်နိုင်လာမည်ဖြစ်ကြောင်း စသည်ဖြင့်ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက် လာသူများမှလည်း MAPDRR ၂၀၁၇တွင်ပါဝင်သည့် ဦးစားပေးလုပ်ငန်းများ၊ ရန်ပုံငွေရရှိ ရေးနည်းလမ်းများနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events