ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၊မအူပင်ခရိုင်၊မအူပင်မြို့နယ်၊ငါးကြီးဂရက်ကျေးရွာနှင့်ကုလားစကျေးရွာတို့တွင် (၂၀-၆-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့်အမိုးလန်နေအိမ် (၈) လုံး၊ အိမ်ထောင်စု (၈) စုမှ လူဦးရေ (၃၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၈)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၇) ရက်စာ (၇၁၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၂၄၀၀၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ(၃၁၁၄၀၀ိ/-) အား(၂၃-၆-၂၀၁၇)ရက်နေ့တွင်ဘေးသင့်ပြည်သူများအားလက်ဝယ်အရောက်ကွင်းဆင်းထောက်ပံ့ ခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ဧရာဝတီတိုင်းဒေသကြီး ်ဦးစီးမှူးရုံး (ကဆရ)