
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်ခရိုင် ဦးစီးမှူးရုံးဖွင့်လှစ် သည့်အခမ်း အနားကို(၂၄.၆.၂၀၁၇) ရက်နေ့ နံနက် (၉းဝ၀) နာရီ အချိန်တွင်ဖွင့်လှစ်၍ သံဃာတော်များအားနေ့ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အန္တရာယ်ကင်းပရိတ်ရွတ်ခြင်း၊ လှူဖွယ်ဝတ္ထုအစုစုတို့ကိုရေစက်သွန်းချ လှူဒါန်းခဲ့ပြီး အခမ်းအနားသို့ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊တက်ရောက်လာသူများအားနေ့လည်စာဖြင့်တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။၄င်းနောက် ညွှန်ကြားရေးမှူးချုပ်သည်မအူပင်ခရိုင်ဦးစီးမှူးရုံးသစ်၊ ဝန်ထမ်းအိမ်ရာတည် ဆောက်မည့်မြေနေရာနှင့် ကယ်ဆယ် ရေးပစ္စည်း များသိုလှောင် သိမ်းဆည်းထားရှိမှု အခြေအနေများ ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။