ဟုမ္မလင်းမြို့နယ်အတွင်းရေကြီးရေလျှံမှုများဖြစ်ပွားသောကျေးရွာများသို့ကွင်းဆင်းဆောင်ရွက်မှု သတင်း

24Pic_02လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန မှ တိုင်းဒေသကြီး ဦးစီးမှူး ခန္တီးခရိုင်ကယ်ဆယ်ရေးမှတာဝန်ရှိသူများနှင့် မြို့နယ်စည်ပင်ဥက္ကဌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ဟုမ္မလင်းမြို့နယ်အတွင်း (၂၀-၆-၂၀၁၇) နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်တောကျေးရွာ နောင်ပူအောင်ကျေးရွာတို့တွင်ရေကြီးရေလျှံမှု များဖြစ်ပေါ်ကာ လမ်းတံတားများပျက်စီးခြင်း စာသင်ကျောင်းများ ယာယီပိတ်ထားရခြင်းတို့ဖြစ်ပေါ်ခဲ့ သည့်အတွက်် (၂၃-၆-၂၀၁၇) နေ့တွင် ၄င်းကျေးရွာများသို့ ကွင်းဆင်း စစ်ဆေး၍ လိုအပ်ချက်များ ထောက်ပံ့မှု လုပ်ငန်းအ တွက်စီစစ်ဆောင်ရွက်ခြင်းဆောင်ရွက်ခဲ့ ပြီးကွင်းဆင်းလုပ်ငန်းဆောင်ရွက်ရာတွင် ဒေသ၏ အဓိကလိုအပ်ချက်ဖြစ်သော အော်သောကျေးရွာအုပ်စုရှိ ကျေးရွာ( ၅ )ရွာအသုံးပြု သည့် မင်းပွဲရွာနှင့် နောင်ပူအောင်သွားမြေသားလမ်းအား အမြင့် (၅)ပေ အကျယ် (၁၈)ပေ မြေသား လမ်းတာဘောင် (၂)မိုင်အား ဆောင်ရွက်ပေးရန်နှင့် နန့်တောသို်သွားသည့်လမ်းပေါ်ရှိ ရေကြီးလျှင်အမြဲတမ်းရေ (၁၀)ပေခန့်ရေကျော်တတ်သည့်ဟွေဖလာ-နန့်တောတံတားအား ပေ(၄၀) RC တံတား အဖြစ်ဆောက်လုပ်ပေးရန် တာဝန်ရှိသူတို်မှ တင်ပြခဲ့သဖြင့် အမျိုးသားသဘာဝဘေးကော်မတီသို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားပေါ်ပေါက်ပါက အရေးပေါ်အစားအသောက်နှင့် ရေသန့်များစီစဉ်ဆောင်ရွက်ပေးနိုင်ရေးအတွက် ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events