Category Archives: News
-
ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီသင်းတို့နှင့် ပူးပေါင်း၍ (၂၇-၆-၂၀၁၇) ရက်နေ့တွင် သရက်ခရိုင်၊ သရက်မြို့နယ်၊ ရေပေါ်ကျွန်းကျေးရွာ၌ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းကို ဆောင်ရွက်ခဲ့ပါသည်။အဆိုပါ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းသို့ ဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့် ကျေးရွာပြည်သူလူထု စုစုပေါင်း (၂၀၀) ဦး ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ စျေးရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လူဦးရေ (၁၀၀) ဦးအား သဘာဝဘေးအသိပညာပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မောက်မယ်မြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူများအတွက် တတိယအကြိမ်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောက်မယ်မြို့နယ်မှ တိုက်ပွဲရှောင်အိမ်ထောင်စု (၄၅) စု လူဦးရေ (၂၀၉) ဦးအတွက် ဆန်ဖိုး၊ ဆီဖိုးနှင့် ငါးသေတ္တာဘူးများကို ဆီဆိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် (၂၇-၆-၂၀၁၇) ရက်နေ့တွင် တတိယအကြိမ်မြောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား Departament for International Development-DFIDအဖွဲ့မှ Deputy Team Leader (ITAD)ဖြစ်သူMr.Alexander Robert Renuick Mcaslanဦးဆောင်သောအဖွဲ့မှလာရောက်တွေ့ဆုံမှုသတင်း
(၂၆-၆-၂၀၁၇) ၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဗြိတိန်နိုင်ငံအခြေစိုက် Departament for International Development – DFID အဖွဲ့မှ Deputy Team Leader (ITAD) ဖြစ်သူ Mr. Alexander Robert Renuick Mcaslan ဦးဆောင်သောအဖွဲ့မှ အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ ယနေ့ မွန်းလွဲပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ အဆိုပါ (DFID)အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော အစိုးရမဟုတ်သော … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပန်းတိမ်တောင်ရပ်ကွက်၊ အောင်မင်္ဂလာဘိုးတော်ကျောင်းတိုက်၌ လူဦးရေ (၂၅၀) ဦးအား သဘာဝဘေးအသိပညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ကျောက်ဖျာဓမ္မာရုံ (သာသနာ့ရက္ခိတဓမ္မာရုံ) ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
(၂၅-၆-၂၀၁၇) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ကျောက်ဖျာဓမ္မာရုံ (သာသနာ့ရက္ခိတဓမ္မာရုံ) ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန် အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်များကို တက်ရောက်လာသူများထံ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၇) ရက်နေ့တွင် မြိတ်မြို့နယ် အထက (ခွဲ) တောရကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ရှောင်ရန်/ဆောင်ရန် များဟောပြောခဲ့ပြီး လက်ကမ်းစာစောင်၊ နံရံကပ်ပိုစတာများ၊ ကျောင်းသုံး ဗလာစာအုပ်နှင့် မုန်တိုင်းအသိပညာပေးဗွီနိုင်းအား ဖြန့်ဝေပေးခဲ့ပါသည်။ ထိုဟောပြောပွဲသို့ တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူဦးရေနှင့် ဆရာ၊ ဆရာမ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ (၂၅-၆-၂၀၁၇) ရက်နေ့တွင် ပျဉ်းမနားမြို့နယ် မြတ်ဆုမွန်ပရဟိတဂေဟာမှ ကျောင်းသား/သူ (၈၆)ဦးအား ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာနှင့် သဘာဝဘေး အန္တရာယ် ဆိုင်ရာအသိပညာပေး ဟောပြောပွဲများဆောင်ရွက်ခဲ့ပြီး ဗွီနိုင်း ပိုစတာ၊ လက်ကမ်းစာစောင်၊ ခေါက်ဆွဲခြောက်ထုပ်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရ ရှိပါသည်။Source:ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)
-
ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ (၂၅-၆-၂၀၁၇) ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ပါရမီပရဟိတဂေဟာနှင့် သုဇနကာရီပရဟိတဂေဟာများမှ ကျောင်းသား/သူ(၂၈၀)ဦးအား ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲများဆောင်ရွက်ခဲ့ပြီး ဗွီနိုင်း ပိုစတာ၊ လက်ကမ်းစာစောင်၊ ခေါက်ဆွဲခြောက်ထုပ်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရ ရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေး အသိပညာပေး ဆွေးနွေးဟောပြောပွဲအား (၂၅-၆-၂၀၁၇) ရက်နေ့တွင် ရွှေတောင်မြို့နယ် ကျီးသဲကျေးရွာအုပ်စု၌ သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောခြင်း ရှောင်ရန်/ဆောင်ရန်များ ဟောပြောခဲ့ပြီးတက် ရောက်သူ( ၁၅၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရ ရှိပါသည်။Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)









