မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ကျောက်ဖျာဓမ္မာရုံ (သာသနာ့ရက္ခိတဓမ္မာရုံ) ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

27_pic01 27_pic02 27_pic03 27_pic04
(၂၅-၆-၂၀၁၇) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ကျောက်ဖျာဓမ္မာရုံ (သာသနာ့ရက္ခိတဓမ္မာရုံ) ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန် အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်များကို တက်ရောက်လာသူများထံ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events