ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီသင်းတို့နှင့် ပူးပေါင်း၍ (၂၇-၆-၂၀၁၇) ရက်နေ့တွင် သရက်ခရိုင်၊ သရက်မြို့နယ်၊ ရေပေါ်ကျွန်းကျေးရွာ၌ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းကို ဆောင်ရွက်ခဲ့ပါသည်။အဆိုပါ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းသို့ ဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့် ကျေးရွာပြည်သူလူထု စုစုပေါင်း (၂၀၀) ဦး ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)