လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား Departament for International Development-DFIDအဖွဲ့မှ Deputy Team Leader (ITAD)ဖြစ်သူMr.Alexander Robert Renuick Mcaslanဦးဆောင်သောအဖွဲ့မှလာရောက်တွေ့ဆုံမှုသတင်း

 

(၂၆-၆-၂၀၁၇) ၊နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဗြိတိန်နိုင်ငံအခြေစိုက် Departament for International Development – DFID အဖွဲ့မှ Deputy Team Leader (ITAD) ဖြစ်သူ Mr. Alexander Robert Renuick Mcaslan ဦးဆောင်သောအဖွဲ့မှ အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ ယနေ့ မွန်းလွဲပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
အဆိုပါ (DFID)အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း(၃)ခုဖြစ်သည့် The Halo Trust ၊ Mine Advisory Group နှင့် Norwegian Peoples’ Aid အဖွဲ့တို့က ဆောင်ရွက်နေသော မြေမြှပ်မိုင်းအန္တရာယ်ဆိုင်ရာ လုပ်ငန်းများ အတွက် ရန်ပုံငွေထောက်ပံ့နေသောအဖွဲ့ဖြစ်ပြီး လက်ရှိ ပူးပေါင်းဆောင် ရွက်နေသော လုပ်ငန်းကဏ္ဍများ၏ အားသာချက်၊ အားနည်းချက်များ၊ မိုင်းအန္တရာယ် အသိ ပညာပေးရေး လုပ်ငန်းအဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့် ဦးစားပေးအစီအစဉ်များ၊ မိုင်းအန္တရာယ် လျော့ချ ရေးဆိုင်ရာလုပ်ငန်းအစီအစဉ် အကောင်အထည်ဖေါ်ရန် ရန်ပုံငွေရှာဖွေရေး ကိစ္စရပ်များ၊ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းနှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Monitoring Committee)တို့အကြား လုပ်ငန်း ချိတ်ဆက်ဆောင်ရွက်ရန်အနေအထား၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းနှင့် ဖွံ့ဖြိုး တိုးတက်မှုကို ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ မိုင်းကြောင့် ထိခိုက် သူများအတွက် လူသားချင်းစာနာမှုအကူအညီပေးရေး ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events