လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ (၂၅-၆-၂၀၁၇) ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ပါရမီပရဟိတဂေဟာနှင့် သုဇနကာရီပရဟိတဂေဟာများမှ ကျောင်းသား/သူ(၂၈၀)ဦးအား ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲများဆောင်ရွက်ခဲ့ပြီး ဗွီနိုင်း ပိုစတာ၊ လက်ကမ်းစာစောင်၊ ခေါက်ဆွဲခြောက်ထုပ်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရ ရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)