Category Archives: News
-
ချင်းတွင်းမြစ်ရေတိုးမှုကြောင့် ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၅.၇.၂၀၁၇)ရက်နေ့တွင် မော်လိုက်မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွေ့အိမ်ထောင်စုု (၂၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် လူဦးရေ(၁၀၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ခုနှစ်ရက်စာ (၂၁၀၀၀၀) ကျပ်၊ ရေဘေးရှောင်စခန်း မြို့မကျောင်းတိုက်နှင့် အားကာခန်းမတွင် မော်လိုက်မြို့စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများ (၆.၇.၂၀၁၇)နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များမှ ခေါက်ဆွဲခြောက်၊ ရေသန့်၊ ကြက်ဥ၊ ငါးသေတ္တာများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ချင်းတွင်းမြစ်ရေတိုးမှုကြောင့် ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ခန္တီးခရိုင်ဦးစီးမှူးရုံးမှ ခန္တီးမြို့နယ်အတွင်း (၂၀၁၇ )ခုနှစ် ဇူလိုင်လအတွင်း ချင်းတွင်းမြစ်ရေတိုးမှုကြောင့် (၆-၇-၂၀၁၇) နေ့တွင်ပြောင်းရွှေ့ခဲ့ရသော ဘေးသင့်ပြည်သူ အိမ်ထောင်စု (၇၄) စု လူဦးရေ (၃၇၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅ )မျိုး (၇၄ )အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၇၈၃၃၀၀ိ/- )ကျပ်တ်ို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အတူ (၇-၇-၂၀၁၇) နေ့ (၁၆းဝ၀) အချိန်တွင် သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်း များသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြ
-
ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း (၄)
၁။ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ(၇-၇-၂၀၁၇)နေ့(၁၁း၀၀)အချိန် ထုတ်ပြန်ချက် အရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့တို့တွင် ၎င်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ကျော်လွန်နေကြောင်းနှင့် ချင်းတွင်းမြစ်တလျောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုထုတ်ပြန်ထားပါသည်။ ၂။ သို့ပါ၍ ပြည်သူလူထုများအနေဖြင့်လည်း ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အောက်ဖော်ပြပါ ကြိုတင်စီမံပြင်ဆင်ထားမှုများ ဆောင်ရွက်ထားနိုင်ပါရန် အကြံပြုအပ်ပါသည်- (က) မိုးလေ၀သသတင်းများကို စဥ်ဆက်မပြတ်နားထောင်ပါ။ မိသားစု၀င်အချင်းချင်းသော် လည်းကောင်း၊ အိမ်နီးချင်းများနှင့်သော်လည်းကောင်း ဆက်သွယ်နိုင်မည့်ဖုန်းများ၊ အရေးပေါ်ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ အဆင်သင့်ရှိနေပါစေ။ ( … Read more
-
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြိ့ုနယ်ကျေးရွာ (၄) ရွာမှ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၄၄)လုံးတို့ကို ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိဲုမှုဘေးမှ လွတ်ကင်းသောနေရာသို့(၆.၇.၂၀၁၇)ရက်နေ့ကပြောင်းရွေ့ပေးခဲ့ပါသည်။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ကယ်ဆယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/) အိမ်ဆောက်ပစ္စည်းဖိုး (၄၄၀၀၀၀၀ိ)၊ လူဦးရေ (၁၈၆) ဦးအတွက် ဆန်(၇)ရက်စာ (၃၉၀၆၀၀ိ/)၊ ကယ်ဆယ်ရေးပစ္စည်း (၇)မျိုး (၄၄) အိမ်ထောင်စုစာတို့ကို (၇.၇.၂၀၁၇) ရက်နေ့က မြိ်ုနယ်ထွေအုပ်ရုံးမှတဆင့် ပြည်သူများထံသို့ထောက်ပ့ံခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကမ်းပြိုဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့်ရန်ပုံငွေများကွင်း ဆင်းထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ဘုတ်ချောင်းကျေးရွာ အုပ်စု၊ မဲဇလီကျေးရွာတွင် (၄-၇-၂၀၁၇) ရက်နေ့၌ ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)၊ ဆန်ရိက္ခာ (၇) ရက်စာ (၆၃၀၀/-) ကျပ်၊ … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၇-၂၀၁၇)ရက်နေ့တွင် နမ္မတူမြို့နယ်အတွင်းဖြစ်ပွားသော တိုက်ပွဲများကြောင့် နမ္မတူမြို့ကယ်ဆယ်ရေးစခန်းများသို့ရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၇၈) စုမှ လူဦးရေ ကျား (၁၃၂)ဦး၊ မ (၁၅၈)ဦး၊ စုစုပေါင်း (၂၉၀)ဦးတို့အား ဆန်ရိက္ခာ (၁၄) ရက်စာဖိုးငွေ (၁၂၁,၈၀၀ိ/-)၊ တစ်အိမ်ထောင်လျှင် ဆီ (၅၀)သား ဖိုးငွေ(၁၅၆,၀၀၀ိ/-)ကျပ်၊ ငါးသေတ္တာ (၃) ဗူးစီအတွက် (၂၇,၃၀၀ိ/-) ကျပ် နှင့် ပလပ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးစီတို့အား (၆-၇-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း ချင်းတွင်းမြစ်ရေကြီးမှုကြောင့် (၆-၇-၂၀၁၇) ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု (၆၆) စုမှ လူဦးရေ စုစုပေါင်း (၁၇၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၆၆) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၆၁၂၀၀/-) ကျပ်တို့အား မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ရုံးခန်းတွင် ခရိုင် \ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ တို့နှင့်အတူ (၇-၇-၂၀၁၇) နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်Source: … Read more
-
ရေးဘေးဆိုင်ရာအသိပညာပေး ဗီနိုင်းစိုက်ထူပေးခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၁၇) ရက်နေ့တွင် ခန္တီးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရေးဘေးဆိုင်ရာအသိပညာပေး ဗီနိုင်းအား မြို့မရပ်ကွက်ရှိ ပြန်ကြားရေးကြော်ငြာဆိုင်းဘုတ်စိုက်ထူပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအား သောက်ရေသန့်နှင့် အစား အစာများ ထောက်ပံ့ပေးအပ်ခြင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးနှင့် မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၆-၇-၂၀၁၇) ရက်နေ့၊ နံနက် (၀၉:၀၀) အချိန်တွင် မြဝတီမြို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမားပြန်လည်ကြိုဆိုလက်ခံရေးစခန်း (ကျောက်လုံးကြီး) နှင့် မြဝတီမြို့အမှတ်(၉၉၉) နယ်စပ်စခန်း သို့ (၂၉-၆-၂၀၁၇) ရက်နေ့မှ (၆-၇-၂၀၁၇) ရက်နေ့အထိ ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသော တရားမဝင်ရွှေ့ပြောင်း အလုပ်သမား ကျား (၁၆၁၇၉) ဦး မ (၉၉၉၇) ဦး စုစုပေါင်း (၂၆၃၇၆) ဦးအတွက် သောက်ရေသန့်နှင့် အစားအစာများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး … Read more









