Category Archives: News
-
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းကျေးရွာအုပ်စု၊ ပေါ်လံကြီးကျေးရွာ၌ လေဘေးကြောင့် သစ်ပင်ပိ သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့မှုသတင်း
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းကျေးရွာအုပ်စု၊ ပေါ်လံကြီးကျေးရွာ၌ ( ၂၈-၄-၂၀၁၇) ရက်နေ့တွင် လေဘေးကြောင့် သစ်ပင်ပိ သေဆုံးသူ မောင်မျိုး (ခ) မျိုးမင်းထွန်းအတွက် ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ်အား သေဆုံးသူ၏မိခင်ဖြစ်သူ အမွေခံဒေါ်သန်းအေးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မိုရာမုန်တိုင်းသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေများထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ လေဘေးသင့်ကျေးရွာအုပ်စုများရှိ အုပ်စု (၂) စုမှ လုံးဝပြိုလဲအိမ် (၇၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၈၀၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၁၇၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၄၄၀,၀၀၀) ကျပ်၊ စုစုပေါင်း (၇,၂၄၀,၀၀၀) ကျပ်တို့အား (၁၄-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရေဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန် ဗီနိုင်းပိုစတာများ စိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ကုန်းသာလင်းကျေးရွာအုပ်စု၌ ရေဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန် ဗီနိုင်းပိုစတာများအား စိုက်ထူပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်ဖြူမြို့နယ်၊ မင်းရပ်ကျေးရွာအုပ်စု၊ လိပ်တင်ကျေးရွာ၌ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင် ့ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(CDA)နှင့် Plan Myanmar အဖွဲ့တို့ပူးပေါင်း၍ (၁၃-၇-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ မင်းရပ်ကျေးရွာအုပ်စု၊ လိပ်တင်ကျေးရွာ၌ မုန်တိုင်းသဏ္လာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် လိပ်တင်ကျေးရွာမှ ရွာသူရွာသားများ စုစုပေါင်း (၂၂၀) ဦးခန့် ပါဝင်ခဲ့ကြပါသည်။ ၎င်းနောက် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား တက်ရောက်လာသူများသို့ တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့ပြီး ထမင်းကျွေးခြင်း၊ ရေသန့်ဗူးဝေငှခြင်း၊ အချိုရေဗူးများ၊ပေါင်မုန့်များ၊ ခေါက်ဆွဲခြောက်များနှင့် သဘာဝဘေးအတွက် ဆောင်ရန်/ရှောင်ရန်လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။ မုန်တိုင်းဒဏ်သင့်ခံရလေ့ရှိသော ဒေသများတွင် ဘေးန္တရာယ်ကျရောက်လာပါက ကြံ့ကြံ့ခံရင်ဆ်ိုင်တု့ံပြန်နိုင်ရန် အသင့်ဖြစ်မည်ဖြစ်ပြီး … Read more
-
ရေဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ကုန်းသာလင်းကျေးရွာအုပ်စု၌ ကျေးရွာသူ/သား (၁၀၀) ဦးတို့အား ရေဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့်ခန္တီးမြို့နယ်တွင်းရေဝင်ရောက်အိမ်ထောင်စုများ ထောက်ပံ့မှု သတင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ချင်းတွင်းမြစ်ရေမြင့် တက်လာမှု ကြောင့် ခန္တီးမြို့ပေါ်ရပ်ကွက်အချို့၌ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ရာ (၁၃-၇-၂၀၁ရ)ရက်(ကြာသပတေးနေ့) တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦး သည် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး ဦးစဝီလီဖရန့်၊ ခန္တီးခရိုင်ကျန်းမာရေးမှူး၊ ခန္တီးမြို့နယ်အုပ်ချုပ် ရေးမှူးတို့နှင့်အတူ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် ပေါမိုင်းရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓ သာသနာပြုဘုန်းကြီးကျောင်း၊ မြသိန်းတန်ဘုရားနှင့် ဇီးဖြူကုန်းရပ်ကွက်အလယ်တန်းကျောင်းခွဲများရှိ ရေဘေးသင့်ပြည်သူများသို့ သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရေဘေးသင့်ပြည်သူများ လတ်တလောနေထိုင်မှုအဆင်ပြေ စေရန်အ တွက် ကျားလုံချည်၊ မလုံချည်၊ ပုဝါနှင့် ဆပ်ပြာတောင့်တို့ ပါဝင်သည့်ပစ္စည်း(၄)မျိုးအားလည်းကောင်း ရေကြီးနေချိန်အတွင်း စားရိက္ခာဖူလုံစေရန်အတွက် … Read more
-
အလှူငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့ (၄) မိုင်၌ မြေပြိုပျက်စီးသွားသော ဇိနကူတ္တတောရကမ္မဌာန်းကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်အား (၁၃-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ “ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်မှုသတင်း
(၁၃-၇-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) နှင့် ActionAid Myanmar အဖွဲ့တို့ ပူးပေါင်း၍ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ “ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ” ကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်က အဖွင့်အမှာစကားပြောကြားခြင်း၊ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အမှာစကားပြောကြားခြင်းနှင့် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူး ဦးစိုးလှိုင်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး ဘေးမဖြစ်မီ ဘေးဖြစ်ပြီးအချိန်များ၌ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလက်စွဲစာအုပ် ကောင်းမွန်စွာအသုံးပြုနိုင်ရန် အုပ်စုဖွဲ့ဆွေးနွေးအဖြေရှာခြင်းနှင့် အားနည်းချက်/အားသာချက်များ ရှင်းလင်းဆွေးနွေးခဲ့ကာ ActionAid Myanmar … Read more
-
ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ခံအဆောက်အဦများဆောက်လုပ်ရန် အလှူငွေများလာရောက်ပေးအပ်မှုသတင်း
၁၃-၇-၂၀၁၇၊ နေပြည်တော် ဘင်္ဂလားဒေ့နိုင်ငံမှ ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ခံအဆောက်အဦများဆောက်လုပ်ရန် အလှူငွေပေးအပ် လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက အလှူငွေ အမေရိကန်ဒေါ်လာ (၅၃၀,၀၀၀) ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာ မြန်မာနိုင်ငံသည် မုန်တိုင်း၊ မုန်တိုင်းဒီရေနှင့် ရေလွှမ်းမိုးမှုဒဏ်ကို ထိခိုက်ခံစားရသည့်နိုင်ငံဖြစ်သည့်အတွက် မုန်တိုင်းဒဏ်ခံအဆောက်အဦများ၊ အသက်ကယ်ကုန်းများသည် မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အဦများဖြစ်ပါကြောင်း၊ ၂၀၀၈ … Read more









