ကျောက်ဖြူမြို့နယ်၊ မင်းရပ်ကျေးရွာအုပ်စု၊ လိပ်တင်ကျေးရွာ၌ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

14_pic01

14_pic02

14_pic03
ကယ်ဆယ်ရေးနှင် ့ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(CDA)နှင့် Plan Myanmar အဖွဲ့တို့ပူးပေါင်း၍ (၁၃-၇-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ မင်းရပ်ကျေးရွာအုပ်စု၊ လိပ်တင်ကျေးရွာ၌ မုန်တိုင်းသဏ္လာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် လိပ်တင်ကျေးရွာမှ ရွာသူရွာသားများ စုစုပေါင်း (၂၂၀) ဦးခန့် ပါဝင်ခဲ့ကြပါသည်။ ၎င်းနောက် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား တက်ရောက်လာသူများသို့ တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့ပြီး ထမင်းကျွေးခြင်း၊ ရေသန့်ဗူးဝေငှခြင်း၊ အချိုရေဗူးများ၊ပေါင်မုန့်များ၊ ခေါက်ဆွဲခြောက်များနှင့် သဘာဝဘေးအတွက် ဆောင်ရန်/ရှောင်ရန်လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။ မုန်တိုင်းဒဏ်သင့်ခံရလေ့ရှိသော ဒေသများတွင် ဘေးန္တရာယ်ကျရောက်လာပါက ကြံ့ကြံ့ခံရင်ဆ်ိုင်တု့ံပြန်နိုင်ရန် အသင့်ဖြစ်မည်ဖြစ်ပြီး ပြည်သူများ၏ အသက်စည်းစိမ်အိုးအ်ိမ်များထိခိုက်မှုသက်သာစေမည်ဖြစ်ပါသဖြင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events