စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ချင်းတွင်းမြစ်ရေမြင့် တက်လာမှု ကြောင့် ခန္တီးမြို့ပေါ်ရပ်ကွက်အချို့၌ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ရာ (၁၃-၇-၂၀၁ရ)ရက်(ကြာသပတေးနေ့) တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦး သည် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး ဦးစဝီလီဖရန့်၊ ခန္တီးခရိုင်ကျန်းမာရေးမှူး၊ ခန္တီးမြို့နယ်အုပ်ချုပ် ရေးမှူးတို့နှင့်အတူ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် ပေါမိုင်းရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓ သာသနာပြုဘုန်းကြီးကျောင်း၊ မြသိန်းတန်ဘုရားနှင့် ဇီးဖြူကုန်းရပ်ကွက်အလယ်တန်းကျောင်းခွဲများရှိ ရေဘေးသင့်ပြည်သူများသို့ သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရေဘေးသင့်ပြည်သူများ လတ်တလောနေထိုင်မှုအဆင်ပြေ စေရန်အ တွက် ကျားလုံချည်၊ မလုံချည်၊ ပုဝါနှင့် ဆပ်ပြာတောင့်တို့ ပါဝင်သည့်ပစ္စည်း(၄)မျိုးအားလည်းကောင်း ရေကြီးနေချိန်အတွင်း စားရိက္ခာဖူလုံစေရန်အတွက် ဆန်ရိက္ခာဖိုးငွေများအားလည်းကောင်း ထောက်ပ့ံ ပေးခဲ့ပါသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံး၌ ရေဘေးအတွက် ထောက်ပ့ံရန် ကျန်ရှိနေသော ရေဝင်ရောက်သည့်ကျေးရွာ(၁၃)ရွာမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကျားလုံချည်၊ မလုံချည်၊ ပုဝါနှင့် ဆပ်ပြာတောင့်တို့ ပါဝင်သည့် ပစ္စည်း(၄)မျိုးအားလည်းကောင်း ဆန်ရိက္ခာဖိုးငွေများအားလည်းကောင်း ထောက်ပ့ံပေးခဲ့ပြီး ယင်းနေ့ အတွက် ထောက်ပ့ံမှုစုစုပေါင်းမှာ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး(ကျားလုံချည်၊ မလုံချည်၊ ပုဝါနှင့် ဆပ်ပြာတောင့်) ၉၃-စုံနှင့် ဆန်ရိက္ခာဖိုးငွေစုစုပေါင်း(၉၃၂,၄၀၀ိ/-)ဖြစ်ကြောင်း သိရှိရပါသည်။
ထောက်ပ့ံမှုပြီးဆုံးချိန်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် အောင်သာကျေးရွာအနီး ချင်းတွင်းမြစ် ရေဝင်ရောက်သည့်နေရာနှင့် မြစ်ရေပြန်ကျပါက ရေထိန်းတံခါးမှရေပြန်ထုတ်ပေး မည့်နေရာများသို့ သွားရောက်ကြည့်ရှုခဲ့ပါကြောင်းနှင့် ခန္တီးခရိုင်ရုံးသို့ ဆက်လက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး(ကဆရ)