(၁၃-၇-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) နှင့် ActionAid Myanmar အဖွဲ့တို့ ပူးပေါင်း၍ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ “ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ” ကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်က အဖွင့်အမှာစကားပြောကြားခြင်း၊ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အမှာစကားပြောကြားခြင်းနှင့် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူး ဦးစိုးလှိုင်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး ဘေးမဖြစ်မီ ဘေးဖြစ်ပြီးအချိန်များ၌ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလက်စွဲစာအုပ် ကောင်းမွန်စွာအသုံးပြုနိုင်ရန် အုပ်စုဖွဲ့ဆွေးနွေးအဖြေရှာခြင်းနှင့် အားနည်းချက်/အားသာချက်များ ရှင်းလင်းဆွေးနွေးခဲ့ကာ ActionAid Myanmar (ဖျာပုံ) မှ တာဝန်ခံ ဦးသက်နောင်စိုးက သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ခရိုင်/မြို့နယ်သဘာဝဘေးကော်မတီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ CSO များ၊ INGOs/NGOs များမှ ကိုယ်စားလှယ်စုစုပေါင်း (၆၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)