Category Archives: News
-
မြေပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်တွင် (၂၀-၇-၂၀၁၇) ရက်နေ့မှ (၂၁-၇-၂၀၁၇) ရက်နေ့ထိ မိုးသည်းထန်စွာရွာ သွန်းပြီး မြေပြိုမှုကြောင့် ထပ်မံရရှိသောသတင်းများအရ သိမ်ဇရပ်ကျေးရွာ၊ လုံးဝပြိုကျအိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ (၁) ပုံး၊ တစ်စိတ်ပိုင်းပျက်စီးအိမ်ခြေ (၁၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုးပါ (၁၇) ပုံး၊ အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၁၈၅၀၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၃၇) … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ််ခရိုင်၊ သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဒည်ကုန်း ကျေးရွာတွင်် (၂၄-၇-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သောရေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ််(၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၂) ဦးအတွက် (၂၂) မျိုးပါ Family Kits (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,ဝဝဝ)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၄,၂၀၀) ကျပ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်အတွင်း … Read more
-
ကံမမြို့အမှတ် (၁) ရပ်ကွွက် ရွှေခရုတောက်ဘုရားကုန်းအောက်ခြေမှ ဘေးလွတ်ကင်းရာနေရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့သော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကံမမြို့အမှတ် (၁) ရပ်ကွွက် (ကျောက်မှော်ဝန်းရပ်) ၌ မိုးရွာသွန်းမှုကြောင့် ရွှေခရုတောက်ဘုရားကုန်းတောင်ဘက် မြေနိမ့်ကျွံကျခြဲ့ပီး အဆိုပါဘုရားကုန်းအောက်ခြေရှိ အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၄) ဦးတို့အား မြေပြိုခြင်းအန္တရာယ်မှ ကင်းလွတ်ရန် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရာ အဆိုပါပြောင်းရွှေ့ပြည်သူများအတွက် ဆန်(၇)ရက်စာဖိုး (၅၀၄၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) ကျပ် စုစုပေါင်း (၄၅၀၄၀၀) ကျပ်တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုး (၄) အိမ်ထောင်စာတို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ မိုလွန်းကျေးရွာနှင့် အရှေ့ကောက်တောင်းကျေးရွာ (၁၇-၇-၂၀၁၇) ရက်နေ့နှင့် (၁၈-၇-၂၀၁၇) ရက်နေ့များ၌ ဖြစ်ပွားသော ကမ်းပြိုဘေးတွင် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ ရသော အိမ်ခြေ (၃) လုံး အိမ်ထောင်စု (၃) စုမှ လူဦးရေ (၂၀) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်နှင့် ဆန်ဖိုးထောက်ပံ့ငွေ (၄၂၀၀၀/-) ကျပ်တို့အား ခန္တီးမြို့နယ် … Read more
-
မင်းဘူးစကုမြိ့ုနယ်တွင်ရေဘေးရှောင်ပြည်သူများအားထောက်ပ့ံမှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်မင်းဘူးစကုမြိ့ုနယ် မှမန်းချောင်းရေမြင့်တက်၍ (၂၄.၇.၂၀၁၇) ရက်နေ့ထိ ရေဝင်ရွှေပြောင်းအိမ်ထောင်စု (၂၈၈) စု၊ လူဦးရေ(၁၁၄၉)ဦးတို့အတွက်ဆန်(၇)ရက်စာဖိုး(၂၄၁၂၉၀၀ိ/)၊(၂၄.၇၂၀၁၇)ရက်နေ့ကဥယျာဉ်ဇင်ကျေးရွာတွင်သစ်ပင်ပိ၍ပြိုလဲသောလူနေအိမ်(၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/)၊စုစုပေါင်း (၂၅၁၂၉၀၀ိ/)ကိုမင်းဘူးစကုမြိ့ုနယ်ထွေအုပ်ရုံးမှတာဝန်ရှိသူတစ်ဦးမှတဆင့်ဘေးသင့်ပြည်သူများထံသိ်ု(၂၅.၇၂၀၁၇)ရက်နေ့တွင်ထောက်ပ့ံခဲ့ ကြောင်းသတင်းရ ရှိပါသည်။Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံငလျင်ကော်မတီ၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H.E Mr.Bhim K.Udas နှင့် မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်းတို့မှသီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
(၂၅-၇-၂၀၁၇) ၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံငလျင်ကော်မတီနှင့် ဂျပန်နိုင်ငံ၊ ကျိုတို တက္ကသိုလ်မှ Professor Dr. Hiroshi KAWASE ဦးဆောင်သောအဖွဲ့မှ အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမတွင် လာရောက်တွေ့ဆုံပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံ မြေငလျင်ကော်မတီတို့ပူးပေါင်း၍ မြေငလျင် သတင်းအချက်အလက်စနစ်နှင့် အလျင်အမြန် တု့ံပြန်ကယ်ဆယ်ရေး စီမံချက်တစ်ရပ် ပူးတွဲ ရေးဆွဲ၍ … Read more
-
ရေကြီးနစ်မြုပ်မှုကြောင့် ပြောင်းရွှေ့ရေဝင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံမြိုနယ် ဒူးရင်းဆိပ် ကျေး ရွာအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပြောင်းရွှေ့ရေဝင်အိမ်ထောင်စု (၇၄) စုမှ လူဦးရေ (၃၅၁) ဦးအ တွက် ဆန်ရိက္ခာဖိုးငွွေ (၇၃၇၁၀၀/-)ကျပ်တိတိအားခရိုင်/မြို့နယ်သဘာဝဘေးကာကွယ် စောင့်ရှောက် ရေးကော်မတီများနှင့်အတူ် (၂၅-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပ့ံပေးခဲ့ကြောင်း သိရှိရပါသည်။ Source း သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးထောက်ပ့ံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုငဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၇.၂၀၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခက်မှုကြောင့် မော်လမြိုင်ကျွန်းမြို့နယ်၊ စော်ကဲချောင်းကျေးရွာအုပ်စု ရေကျော်စုကျေးရွာနှင့် မမှိုဥချောင်းကျေးရွာတို့၌ ပျက်စီးခဲ့သည့် လေဘေးသင့်အိမ်ထောင်စု (၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်းများ ဆန်ရိက္ခာဖိုး(၁၆၈၀၀ိ/) အိမ်ဆောက်ပစ္စည်း ဖိုး(၂၀၀၀၀၀ိ/) တို့ကိုလပွတ္တာခရိုင်ဦးစီးမှူးရုံးမှ (၂၅-၇-၂၀၁၇)ရက်နေ့တွင် မော်လမြိုင်ကျွန်းမြို့နယ၊် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ လေဘေးသင့်ပြည်သူများထံသို့သွားရောက် ထောက်ပံ့ခဲ့ကြောင်းသတင်းရ ရှိပါသည်။Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ မိုလွန်းကျေးရွာနှင့် အရှေ့ကောက်တောင်းကျေးရွာ (၁၇-၇-၂၀၁၇) ရက်နေ့နှင့် (၁၈-၇-၂၀၁၇) ရက်နေ့များ၌ ဖြစ်ပွားသော ကမ်းပြိုဘေးတွင် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၃) လုံး အိမ်ထောင်စု (၃) စုမှ လူဦးရေ (၂၀) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်နှင့် ဆန်ဖိုးထောက်ပံ့ငွေ (၄၂၀၀၀/-) ကျပ်တို့အား ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် အထက ကျောက်တလုံးမြို့၌ သဘာဝဘေး အသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမအပါအဝင် ကျောင်းသား၊ ကျောင်းသူ (၃၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါသည်။ ထို့ပြင် ညနေပိုင်းတွင် နောင်ခဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရပ်ကွက်/ကျေးရွာအဆင့့် သဘာဝဘေးအသိပညာပေး ဟောပြောပွဲဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)









