ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

25_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ မိုလွန်းကျေးရွာနှင့် အရှေ့ကောက်တောင်းကျေးရွာ (၁၇-၇-၂၀၁၇) ရက်နေ့နှင့် (၁၈-၇-၂၀၁၇) ရက်နေ့များ၌ ဖြစ်ပွားသော ကမ်းပြိုဘေးတွင် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ ရသော အိမ်ခြေ (၃) လုံး အိမ်ထောင်စု (၃) စုမှ လူဦးရေ (၂၀) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်နှင့် ဆန်ဖိုးထောက်ပံ့ငွေ (၄၂၀၀၀/-) ကျပ်တို့အား  ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၂၅-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:     ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events