
ကံမမြို့အမှတ် (၁) ရပ်ကွွက် (ကျောက်မှော်ဝန်းရပ်) ၌ မိုးရွာသွန်းမှုကြောင့် ရွှေခရုတောက်ဘုရားကုန်းတောင်ဘက် မြေနိမ့်ကျွံကျခြဲ့ပီး အဆိုပါဘုရားကုန်းအောက်ခြေရှိ အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၄) ဦးတို့အား မြေပြိုခြင်းအန္တရာယ်မှ ကင်းလွတ်ရန် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရာ အဆိုပါပြောင်းရွှေ့ပြည်သူများအတွက် ဆန်(၇)ရက်စာဖိုး (၅၀၄၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) ကျပ် စုစုပေါင်း (၄၅၀၄၀၀) ကျပ်တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုး (၄) အိမ်ထောင်စာတို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ကံမမြို့နယ်အုပ်ချုပ်ရေးမှူးတို့အတူ ပြည်သူများလက်ဝယ်သို့ (၂၅-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး